Structure & Management

အထွေထွေညီလာခံသည် အသင်း၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။ ဗဟိုကောင်စီသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အုပ်ချုပ်ရေးတစ်စိတ် တစ်ပိုင်းဖြစ်ပြီး အဖွဲ့ဝင် ၆၃ ဦးပါဝင်ပြီး ၎င်းတို့အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။ အုပ်ချုပ်ရေးအဖွဲ့ကို အမှုဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ၅ ဦးမှာ အချိန်ပြည့်အမှုဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့အစည်း၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဝါဒများရေးဆွဲခြင်း၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များ ချမှတ်ပေးသည်။
ရုံးချုပ်ဖွဲ့စည်းပုံကို ဌာန ၁၃ ၊ ယူနစ် ၂ ခုဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်းတို့မှာ –

  • စီမံရေးရာဌာန
  • အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန
  • ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန
  • ကျန်းမာရေးဌာန
  • လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန
  • ဘဏ္ဍာရေးဌာန
  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန
  • ပြည်တွင်းပြည်ပပူးပေါင်းဆက်ဆံရေးဌာန
  • အရင်းအမြစ်စုစည်းအသုံးချရေးဌာန
  • လူသားအရင်းအမြစ်ဌာန
  • ထောက်ပံ့ပို့ဆောင်ရေးနှင့်ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန
  • မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန
  • အတွင်းစာရင်းစစ်ဌာနနှင့်
  • ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်
  • သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့်နည်းပညာဆိုင်ရာယူနစ် တို့ဖြစ်ကြသည်။

ခေါင်းဆောင်မှု

ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်
ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး
အချိန်ပြည့် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာဒေါ်မြသူ
အချိန်ပြည့် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာရီရီတင်
အချိန်ပြည့် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်
အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာမျိုးမြင့်သိန်း
အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာစိုးလှိုင်
အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာမြင့်ဟန်
အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာဒေါ်ခင်လှလှ
အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင် ဦးကျော်မိုးကြည်
အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာမာလာဝင်း
အထွေထွေအတွင်းရေးမှူး  
ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်
ဒုတိယအထွေထွေအတွင်းရေးမှူး  
ပြည်တွင်းပြည်ပပူးပေါင်းဆက်ဆံရေးဌာန  
လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုး
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး  
ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအောင်
ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်
ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး  
အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်
မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန ညွှန်ကြားရေးမှူး  
စီမံရေးရာဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်
ထောက်ပံ့ပို့ဆောင်ရေးနှင့်ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်အိအိထွေး
ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း
လူသားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး ဒေါ်ချမ်းမင်းဦး
အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး
အတွင်းစာရင်းစစ်ဌာန ညွှန်ကြားရေးမှူး  
သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့်နည်းပညာဆိုင်ရာယူနစ် ဌာနမှူး ဦးညိမ်းချမ်းနောင်နောင်