|
RMS

မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ခံရသူ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၄၉) ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၀မ်းမြှောက် ဂုဏ်ယူ

  19/ May/ 2018

၂၀၁၈ မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူများ အဖြစ် လှိုင်သာယာမြို့နယ်ရှိထိန်ပင်အမှိုက်ပုံ မီးငြိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ပူးပေါင်း ပါဝင်ပြီး မီးငြိမ်းသတ်သူများအား ရှေးဦးပြုစုခြင်းနှင့် အခြား လိုအပ်ချက်များကို နေ့/ည မပျက် ကူညီဆောင်ရွက် ပေးခဲ့ကြသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၄၉) ဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၂၀၁၈ ခုနစ် မေလ ၁၃ရက် ထုတ်ပြန်သော ပြည်သူသို့ကျေးဇူးတင်လွှာတွင် မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူများအဖြစ် ထုတ်ပြန် ချီးကျူးခံရခြင်းအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ဝမ်းမြှောက် ဂုဏ်ယူရပါသည်။