|
RMS

  21/ May/ 2026

Red Cross volunteers donated blood to support patients in need of blood

မေလ(၁၅)ရက်နေ့က မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးလိုအပ်နေတဲ့ လူနာအတွက် စလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးစိုးနိုင်က (O) အမျိုးအစား သွေးကို သွေးလှူဒါန်းခြင်း (၄၅)ကြိမ်မြောက်အဖြစ် သွားရောက်လှူဒါန်းခဲ့ပါတယ်။
အလားတူ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေး ပေါ်သွေးလိုအပ်နေသောလူနာ အတွက် လက်ပံတန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတ နာလုပ်အားရှင် ဦးထက်ဝေအောင်က (O)အမျိုးအစား သွေး ကို လှူဒါန်းခဲ့ပါတယ်။
ထို့အတူ မေလ(၁၂)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊‌ ချမ်းမြေ့ဆေးရုံတွင် အရေး ပေါ်သွေးလိုအပ်နေတဲ့ လူနာအတွက် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ လုပ်အားရှင် ဦးမင်းခန့်‌ကျော် က သွေးလှူဒါန်းခြင်း (၆)ကြိမ်မြောက် နှင့် ကြက်ခြေနီစေတနာလုပ် အားရှင် ဦးဓနထွန်း က သွေးလှူဒါန်းခြင်း(၅)ကြိမ်မြောက် အဖြစ် (O)အမျိုးအစား သွေး ကိုသွားရောက် လှူဒါန်းခဲ့ပါတယ်။
ဆေးရုံ၊ ဆေးခန်းများတွင် သွေးလိုအပ်နေတဲ့ လူနာများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များကမိမိတို့ကိုယ်တိုင် သွေးလှူဒါန်းကူညီနေကြသလို သွေးအမျိုးအစားတူတဲ့ သွေးလှူရှင်များ ရှာဖွေပေးပြီး
သွေးလှူဒါန်းနိုင်ဖို့အတွက်လည်း ကြိုးစားကူညီလျက်ရှိပါတယ်။
#MRCS#DonateBlood

Read More

  21/ May/ 2026

Handover Ceremony of the New Mandalay Region Red Cross Supervisory Committee Office Building Held

မန္တလေး၊ ၂၀၂၆ ခုနှစ်၊ မေလ(၁၄)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အဆောက်အဦသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ အဆိုပါအဆောက်အဦသစ်တွင်ကျင်းပခဲ့ပါသည်။
 
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်၊ လွှတ်ဝောာ်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာ တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။
 
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အဆောက်အဦသစ် ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းကို အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။
 
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌက အမှာစကားပြောကြား ခဲ့ပါသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီရုံး အဆောက်အဦသစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး အဆောက်အဦသစ်ကို လွှဲပြောင်းပေးအပ်ရာ အသင်းဥက္ကဌက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အဆောက်အဦသစ်သည် အလျား (၄၀)၊ အနံ (၆၀)၊ (၃) ထပ်ခွဲ အဆောက်အဦးဖြစ်ပြီး အဆိုပါ အဆောက်အဦနှင့်မြေ ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

Read More

  21/ May/ 2026

Visiting and Observing Houses Donated for Earthquake-Affected Communities in Tada-U

တံတားဦး၊၂၀၂၆ခုနှစ်၊မေလ(၁၄)ရက်။
 
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်များတွင် ငလျင်ဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဟောင်ကောင်ကြက်ခြေနီအသင်းတို့၏ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များကို မေလ(၁၄)ရက်နေ့၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများက ကြည့်ရှုလေ့လာခဲ့ပါသည်။
အသင်းဥက္ကဌ နှင့်အဖွဲ့သည် အဆိုပါနေအိမ်များ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ခြင်း ရှိ၊ မရှိကို ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
 

Read More

  21/ May/ 2026

Providing Primary Healthcare Services Through Mobile Clinics in Sagaing

စစ်ကိုင်း၊ ၂၀၂၆ ခုနှစ်၊ မေလ(၁၈)ရက်။
 
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ပြင်ထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ယာယီနေရပ်စွန့်ခွါရွှေ့ပြောင်နေထိုင်သူများအတွက် မြန်မာနိုငိငံကြက်ခြေနီအသင်းက ရွေ့လျားဆေးခန်းများဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာမေလ(၉)ရက်နေ့တွင် မင်းကွန်းဒေသ၊ မိုးမိတ်ကုန်းမြေ ယာယီနေရပ်စွန့်ခွါရွှေ့ပြောင်းနေထိုင်သူများစခန်းတွင်လူဦးရေ(၁၉၄)ဦးကိုလည်းကောင်း၊
မေလ(၁၆)ရက်နေ့တွင် မင်းကွန်းမြောက်ရွာတွင် ယာယီနေရပ်စွန့်ခွါရွေ့ပြောင်းရာမှ ပြန်လည်‌ရောက်ရှိ‌နေထိုင်သည့် ဒေသခံရပ်ရွာလူထုများမှ လူဦးရေ(၂၁၁) ဦးကိုလည်းကောင်း ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါသည်။
 
ထို့အတူ မေလ(၄)ရက်နေ့မှ(၁၆)ရက်နေ့အတွင်း စစ်ကိုင်းမြို့ ရွှေတောင်ဦးကျောင်းတိုက်၊ မွန်ကျောင်း၊ သက်တော်ရှည် ကျောင်းတိုက်၊ ပိုးတန်းရပ်ကွက် ဓမ္မာရုံ၊မန်ကျည်းကုန်းရပ်ကွက်နှင့် ပြင်းထန်မြေငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ကျောက်တာရွာတို့တွင်လည်း ရွေ့လျားဆေးကုခန်းများ ဖွင့်လှစ်၍လူဦးရေ (၁,၁၇၆)ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး ဆေးရုံတက်ရောက်ရန် လိုအပ်သူ(၇)ဦးကို ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ကူညီခဲ့ပါသည်။
 
ရွေ့လျားဆေးကုခန်းများ ဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကြက်ခြေနီဝန်ထမ်းများက ရပ်ရွာလူထုနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

Read More

  09/ May/ 2026

2026 World Red Cross Day theme

၂၀၂၆ခုနှစ်၊ မေလ(၈)ရက်နေ့သည်ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပါတယ်။
ယခုနှစ်၏ဆောင်ပုဒ်မှာ "ညီညွတ်မှုအားနဲ့တို့ကူညီ လူသားချင်းစာနာတဲ့ကြက်ခြေနီ" (United in Humanity) ဖြစ်ပါတယ်။

Read More

  09/ May/ 2026

World Red Cross Day 2026 Commemoration Ceremony Held

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေလ(၈)ရက်။
 
၂၀၂၆ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပရာ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ စံပြကြက်ခြေနီများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုရေးအသင်း အဖွဲ့ များမှတာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဗီဒီယိုနှင့် ကနဦးတုံ့ပြန်သူများအတွက် အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းမှတ်တမ်းဗီဒီယိုတို့ကိုပြသသည်။
ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၅ ခုနှစ် စံပြ ကြက်ခြေနီဆုရသူများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် ဧည်သည်တော်များက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည်သည်တော် များသည်ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်ပြခန်းကိုကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းမှ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ် Mr.Arnaud de BAECQ UE တို့ကဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ တာဝန်ရှိသူများက အသက်(၆၅)နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံတော်မှ ချီးမြှင့်သော လူမှုထူးချွန်တံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ထူး ဆောင်တံဆိပ်များကိုပေးအပ် ချီး မြှင့်ခဲ့ပါသည်။
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို နေပြည်တော်ရှိ အသင်းဌာနချုပ်သာမက တိုင်းဒေသကြီး/ပြည်နယ်များ တွင် လည်း တပြိုင်နက်ကျင်းပခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီဆု ရရှိသူများအား ရင် ထိုးတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ရှေးဦးပြုစုခြင်းနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ကနဦီးတုံ့ပြန်သူများအတွက် အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်း သို့ကြက်ခြေနီစေတနာလုပ်အားရှင်(၆၈)ဦးတက်ရောက်နိုင်ခဲ့ပါသည်။

Read More

  19/ Apr/ 2026

Myanmar New Year Greetings

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၊ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခါသမယမှာ နိုင်ငံတစ်ဝှမ်းက ကြက်ခြေနီအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများနှင့် ပြည်သူပြည်သားအပေါင်းတို့အား ကျက်သရေမင်္ဂလာရှိလှတဲ့ နှစ်သစ်နေ့ရက်မှာ ကိုယ်ရော စိတ်ပါ ရွှင်လန်း ကျန်းမာပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက်ပါတယ်။ ပါမောက္ခဒေါက်တာမျိုးညွန့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  31/ Mar/ 2026

Children's Play Center Opens in Sinphyukyun

ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတဲ့အနေနဲ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မတ်လ(၂၂)ရက်နေ့မှာ ဆင်ဖြူကျွန်းမြို့ ပြန်လွင့်ရပ်ကွက် မြို့မ အမက ကျောင်းဝင်းထဲမှာ ကလေးပျော်စင်တာကို ဖွင့်လှစ်ခဲ့ရာ ကလေးငယ်(၄၅)ဦး ပျော်ရွှင်စွာ လာရောက် ကစားခဲ့တယ်လို့သိရပါတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ အားဖြည့်ကူညီပေးနိုင်ခဲ့ပြီး ဒီစင်တာကို ရက်သတ္တပတ်(၁)ပတ်မှာ တစ်ကြိမ် ဖွင့်လှစ်ပေးသွားမယ်လို့ ဆင်ဖြူကျွန်းကြက်ခြေနီထံမှ သိရပါတယ်။

Read More