|
RMS

  16/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် အလှူငွေ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၃)ရက်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် အလှူငွေ လှူဒါန်းပွဲကို ဇွန်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် အလှူရှင် ဒေါ်မို့မို့ငြိမ်းက လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ် ၁,၀၀၀,၀၀ဝိ/ကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူကဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ LifePlus (Lujee Venture Capital Limited)မှ ကျပ် ၂၀၀,၀၀၀ိ/ တန်ဖိုးရှိ ဆေးဝါးများကို ဇွန်လ(၁၂)ရက်နေ့က ဒုတိယအကြိမ်အဖြစ် လာရောက် လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  09/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် LifePlus (Lujee Venture Capital Limited)မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လာရောက် လှူဒါန်းရာ လှူဒါန်းပွဲကို ဇွန်လ(၉)ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် LifePluse မှ Asstistant HR Manager ဒေါ်ဝင့်သိင်္ဂီထွန်း က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၃၅ သိန်းတန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Sri Trang Ayeyar Rubber Industry Co., Ltd. မှလည်း အလှူငွေ ကျပ် ၁ဝ သိန်း ကို ဘဏ်မှ တဆင့် ပေးပို့ လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ် ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်
ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  05/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanma International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Myanmar International Radio နှင့် JPR Family International Co., Ltd တို့က ခေါင်းအုံးနှင့် အလှူငွေများ လာရောက် လှူဒါန်းရာ လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး MyanmarInternational Radio မှ ဒေါ်ယဉ်မျိုးအေး က လှူဒါန်းရခြင်း အကြောင်းကို ပြောကြားကာ ငွေသား ကျပ် ၄၈၀,၀၀၀ိ/နှင့် ကျပ် ၅၂၀,၀၀ဝိ/ တန်ဖိုးရှိ ခေါင်းအုံး(၁၀၀)လုံးတို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ JPR Family International Co., Ltdမှဦးဇော်လတ်မြင့်က အလှူငွေ လှူဒါန်းရခြင်းကို ရှင်းလင်း
ပြောကြားခဲ့ပြီး အလှူငွေ ကျပ်၂,၀၀၀,၀၀ဝိ/ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူ
နှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အရင်အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ MyanmarInternational Radio တာဝန်ရှိသူများနှင့် JPR Family International Co., Ltdမှ ဦးဇော်လတ်မြင့်၏ မိသားစု တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  31/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များမှ လာရောက် လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ မေလ(၁၈)ရက်နေ့က Win Nector Co.,Ltd မှ မြန်မာငွေ ၁,၄၅၀,၀၀၀ (တစ်ဆယ့်လေးသိန်းငါးသောင်းကျပ်)တန်ဖိုးရှိ ကြက်ခြေနီဓါတ်ဆားထုပ်များအားလည်းကောင်း၊ မေလ(၃၀)ရက်နေ့က Creative Forward Group Co.,Ltd မှ ငွေကျပ် ၅၀၀,၀၀၀(ငါးသိန်းကျပ်)အားလည်းကောင်း အသီးသီး လာရောက် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါလှူဒါန်းမှုများအား အသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့က လက်ခံခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  26/ May/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်းမိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုများ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေလ (၁၄) ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း မိုခါ (Mocha) ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူထုအတွက် ဆင်းရဲဒုက္ခ လျော့နည်းသက်သာစေဖို့ မုန်တိုင်းအန္တရာယ်ကြိုတင်အသိပညာပေးခြင်း၊ ဘေးကင်းရာကို ရွေ့ပြောင်းပေးခြင်း၊ ထိခိုက်ခံစားရသူများကို ကူညီကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုပေးခြင်းနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများ၊ သောက်သုံးရေ၊ အခြေခံလိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းကို တတ်စွမ်းသရွေ့ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါကူညီမှုအနေဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၉၆၂) ဦးက ထိခိုက်ခံစားရတဲ့ အိမ်ထောင်စု (၁၄,၅၇၃) စု (လူဦးရေ စုစုပေါင်း ၇၅,၅၇၃) ဦးအား လိုအပ်တဲ့အကူညီများကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီများအဖြစ် -
👉သုံးရေ - ၁၉,၀၀၀ လီတာ။
👉သောက်ရေ - ၂၉၁,၀၀၀ လီတာ။
👉အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း - ၁၁၄၄ စုံ မိသားစုသုံးပစ္စည်း - ၅၉၇ စုံ။
👉တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းပုံး - ၁၈၅ ပုံး။
👉တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းပါဆယ်ထုပ် - ၉၅၁ ထုပ်။
👉မီးဖိုချောင်သုံးပစ္စည်း - ၄၃၂ စုံ။
👉အိမ်ဆောက်အထောက်အကူပြုပစ္စည်း - ၅၇ စုံ။
👉တာပေါ်လင် - ၇၂၇ ခု။
👉စောင် - ၂၀ ထည်။
👉ခြင်ထောင် - ၃၃၂ လုံး။
👉ကလေးဝတ်အင်္ကျီထုပ် ပေးဝေခဲ့သောအိမ်ထောင်စု - ၁၁၂ စု။
👉ကြက်ဥများပေးဝေခဲ့သော အိမ်ထောင်စု - ၂၅၃ စု။
👉ကျန်းမာရေးအသိပညာပေးခဲ့သောရပ်ရွာလူထု - ၁၃၇၃ ဦး။
👉ရွေ့လျားကျန်းမာရေးဆေးခန်းတွင်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သောရပ်ရွာလူထု - ၉၂၅ ဦး။
အသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ဆက်လက်ထောက်ပံ့နိုင်ရန်နှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ရန်အတွက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။

Read More

  25/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Gold Power Co.,Ltd က အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များကို လာရောက်လှူဒါန်းရာ လှူဒါန်းပွဲကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Gold Power Co.,Ltd မှ မန်နေဂျာဖြစ်သူ ဒေါ်ချစ်ချစ်ဝေက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၇၀၀,၀၀ဝိ/တန်ဖိုးရှိ Gold Power အားဖြည့် ဆန်ပြုတ်ထုပ် ၁,၆၀၀ ထုပ်နှင့် T Shirt ၅၀ ထည်တို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  25/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Gold Power Co.,Ltd က အားဖြည့် ဆန်ပြုတ်ထုပ်များနှင့် T Shirt များကို လာရောက်လှူဒါန်းရာ လှူဒါန်းပွဲကို မေလ(၂၅)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Gold Power Co.,Ltd မှ မန်နေဂျာဖြစ်သူ ဒေါ်ချစ်ချစ်ဝေက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၇၀၀,၀၀ဝိ/တန်ဖိုးရှိ Gold Power အားဖြည့် ဆန်ပြုတ်ထုပ် ၁,၆၀၀ ထုပ်နှင့် T Shirt ၅၀ ထည်တို့ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  24/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
==============
ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၄)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဒေါက်တာမောင်မောင်ခိုင် + အသင်းအချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်တာဒေါ်ခင်လှလှ၊ သား လှမျိုးအောင်နှင့် မိုးမြင့်အောင် မိသားစုက အလှူငွေ ကျပ် ၁၀၀,၀၀ဝိ/ကို မေလ(၂၄)ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ထို့အတူ ဦးစိုးဝင်း+ဒေါ်တင်တင်အုန်း(မဖြူ) မိသားစု ခေတ္တစင်္ကာပူ က ကျပ် ၂၀၀,၀၀ဝိ/၊ ဦးလှမိုး +ဒေါ်မွန်မွန်မြင့် သားကြီး သတိုးဦး၊ သားငယ် အောင်ခန့်ငြားမိုး မိသားစု ခေတ္တစင်္ကာပူက ကျပ် ၃၀၀,၀၀ဝိ/ ၊ ဦးဇော်ဝင်း + ဒေါ်မိုးမိုးသိန်း သား မောင်မင်းသိမ်းကျော် မိသားစု ခေတ္တစင်္ကာပူက ကျပ် ၁၀၀,၀၀ဝိ/၊ နန်းရွှေရင် မိသားစု ခေတ္တစင်္ကာပူ က ကျပ် ၁၀၀,၀၀ဝိ/ စုစုပေါင်း ကျပ် ၇၀၀,၀၀၀ိ/ကို ဦးသက်မွန်နှင့် ဇနီးတို့က လာရောက်လှူဒါန်းရာ အရင်းအမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ အလားတူ အာရှတော်ဝင်ဆေးရုံမှ ခွဲစိတ်ခန်းသုံး ကုတင် ၆ လုံး ကိုလည်း လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။
[gallery display="grid" link="file" size="wcstandard" ids="15165,15166,15167"]

Read More

  23/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ကြောင့်ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်နှင့် အခြား မုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်းများနှင့် အလှူရှင်များ လှူဒါန်းထားသည့် ပစ္စည်းများ ဆက်လက် ပို့ဆောင်

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ (၂၃) ရက်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့်ထိခိုက်ခံစားရသော ရခိုင်ပြည်နယ်နှင့် အခြား မုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းများနှင့် အလှူရှင်များ လှူဒါန်းထားသည့် ပစ္စည်းများကို ထောက်ပံ့နိုင်ရန် အစီအစဉ်တကျ ပို့ဆောင်လျက်ရှိပါသည်။
မေလ(၂၃)ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန် ရှိ ကြက်ခြေနီသိုလှောင်ရုံများမှ ထောက်ပံ့ရေးပစ္စည်းများကို မုန်တိုင်းသင့် ဒေသများသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း သိုလှောင်ရုံသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်သည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး တို့နှင့်အတူ သွားရောက်ကာ ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူရှင်များပေးပို့ လှူဒါန်းထားသော ပစ္စည်းများ ပို့ဆောင်ရန် ဆောင်ရွက်နေမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုပြီး လိုအပ်သည့် လမ်းညွှန်မှုများ ပေးခဲ့ပါသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်စ၊ မိသားစုသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများ၊ ရေပုံး၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူရှင်များ လှူဒါန်းထားသည့် ရေသန့် နှင့် အစားအစာ စသည့် ပစ္စည်းများဖြစ်ပြီး ထိခိုက်ခံစားရသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
[gallery display="grid" targetsize="wcstandard" link="file" columns="4" ids="15145,15146,15147,15148"]

Read More