|
RMS

  20/ Dec/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဖွင့်လှစ်သော General Logistics and Supply Chain Management Training နှင့် Road Safety & Fleet Managment Training သင်တန်းများဖွင့်ပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင်ကျင်းပရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်မောင်လှိုင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပြည့်အလုပ်အမှုဆောင်နှင့်အတူ စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းများကို ဒီဇင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာလ(၂၀)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိရာ General Logistics and Supply Chain Management Training သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ (၂၂) ဦး တက်ရောက်လျက်ရှိပြီး Road Safety & Fleet Managment Training သင်တန်းသို့ ကြက်ခြေနီလူနာတင်ယာဉ်ဝန်ဆောင်မှု ဆောင်ရွက်နေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ယာဉ်မောင်းများ စုစုပေါင်း သင်တန်းသား(၂၂) ဦး တက်ရောက်လျက် ရှိပါသည်။

Read More

  19/ Dec/ 2023

ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေး

ညောင်လေးပင်၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အကူအညီလိုအပ်သည့် ရပ်ရွာလူထုအတွက် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ကူညီပေးလျက်ရှိရာပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ ရောက်ရှိနေကြသော အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ ကူညီနေမှုများကို အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် နှင့်အဖွဲ့သည် ဩဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
 
ထိုသို့ထောက်ပံ့ရာတွင် ညောင်လေးပင်မြို့ ယာယီနေရပ်စွန့်ခွာစခန်း(၅)ခုရှိ အိမ်ထောင်စု(၇၅)စုမှ ပြည်သူ (၂၇၄)ဦးအတွက် အဝတ်အထည်၊ ဖျာ၊ စောင်၊ခြင်ထောင်၊ ခေါင်းအုံး ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ အမျိုးသား တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းစသည့် အသုံးအ‌ဆောင်ပစ္စည်း(၉)မျိုးတို့ကို ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၆)ဦးကကူညီ ထောက်ပံ့ပေးခဲ့ရာ အသင်းဥက္ကဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဟန်အောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပါသည်။

Read More

  06/ Nov/ 2023

Request For Expression of Interest for Construction of RC-1 Storey warehouse building, Magway, Myanmar.

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံဒေသအနှံ့တွင် လူမှုကရုဏာလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ကူညီထောက်ပံ့နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘေးဒဏ်အမျိုးမျိုးကြောင့် ထိခိုက်ခံစား ရသောရပ်ရွာလူထုများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုထိရောက်စွာပံ့ပိုးပေးခြင်းဖြင့် လူသားချင်းစာနာ ထောက်ထားမှုအထောက်အပံ့များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အတွေ့အကြုံရှိသည့် ကန်ထရိုက်တာများအား မကွေးတိုင်းကြက်ခြေနီသိုလှောင်ရုံ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် “စိတ်ဝင်စားမှု ဖော်ပြခြင်းအဆိုပြုလွှာ” (EOI) မေးခွန်းလွှာ ရယူရန် ဆက်သွယ်နိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ (EOI) ကြိုတင်ဆန်းစစ်ခြင်းမေးခွန်းများတောင်းခံလွှာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၉ ၈၉၅၃၈၅၇၇၀၊ ၀၉ ၄၂၀၀၉၇၄၀၉ နှင့် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊ ပြည်တော်သာလမ်း၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ဖုန်းနံပါတ်- ၀၉ ၄၀၁၅၇၂၁၅၆ သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၆)ရက်နေ့ မြန်မာ စံတော်ချိန်နံနက် (၉:၃၀) နာရီမှစတင်ထုတ်ယူနိုင်ပြီး၊ ကြိုတင်ဆန်းစစ်ခြင်း မေးခွန်းလွှာဖြေဆိုမှုများနှင့် အထောက်အထား စာရွက်စာတမ်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန်နေ့လည် (၁၂:၀၀)နာရီ နောက်ဆုံးထား၍ အထက်ဖော်ပြပါလိပ်စာများသို့ တံဆိပ်ခတ်ထားသည့် စာအိတ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။

Read More

  17/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်ခံရသည့် ရခိုင်ပြည်နယ်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများ ဆက်လက်ပို့ဆောင်

၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်။
 
ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိ နေအိမ်များ၊ အဆောက်အဦများပျက်စီးဆုံးရှုံးပြီး လူအများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းက အဆိုပါဘေးအန္တရာယ်ခံစားနေရသော ရပ်ရွာလူထုအား အစားအစာမဟုတ်သောပစ္စည်းများ၊ ရေသန့်နှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် မေလ (၁၅) ရက်နေ့က ကုန်ကား (၂) စီးနှင့် မေလ (၁၆) ရက်နေ့က ကုန်ကား (၁) စီးဖြင့် ထောက်ပံ့ပစ္စည်းများ တင်ဆောင်ကာ စစ်တွေမြို့သို့ စတင်ထွက်ခွာခဲ့ပါသည်။
 
အဆိုပါ ကုန်တင်ကားများတွင် အရေးပေါ်ကယ်ဆယ်ရေးသုံး ပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်စ၊ လက်သန့်ဆေးရည်၊ မိသားစုသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကလေးမွေးဖွားသန့်စင်သုံးပစ္စည်းများ၊ နှာခေါင်းစည်းများ၊ ရေသန့်စက်နှင့် ရေသန့်ဆေးများ၊ ဆေးပစ္စည်းများနှင့် ဓာတ်ဆားများကို ကနဦးပို့ဆောင်လျက်ရှိပါသည်။
 
လတ်တလောတွင် စားသောက်ကုန်များထောက်ပံ့ပေးနိုင်ရန်၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ရန်နှင့် မြို့နယ်များတွင် ထိခိုက်မှုများကို စာရင်းများကောက်ယူ၍ လိုအပ်ချက်များကို တတ်စွမ်းသ၍ အမြန်ဆုံးကူညီပေးနိုင်ရန် ချိတ်ဆက်ညှိနှိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Read More

  26/ Apr/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် လယ်ဝေးမြို့နယ် လေဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်။
 
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာတို့မှ ဒေသခံရွာသူရွာသားများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အစီအစဥ်ကို ဧပြီလ (၂၆) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ပါသည်။

Read More

  01/ Feb/ 2023

အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံအတွင်းရှိလူမှုကရုဏာလုပ်ငန်းများတွင် ငွေသားနှင့်ပြေစာထောက်ပံ့ခြင်းလုပ်ငန်း အစီအစဉ်များအတွက် လိုအပ်သောဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး အိတ်ပိတ်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံများထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၀၁.၀၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအထိ
တင်ဒါပုံစံများနောက်ဆုံးထုတ်ယူရမည့်အချိန်နှင့်နေ့ရက် - (၀၆.၀၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီညနေ (၃) နာရီအထိ
တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည့်အချိန်နှင့်နေ့ရက် - (၂၁.၀၂.၂၀၂၃) ရက်၊ နံနက် (၁၀) နာရီမှညနေ (၃) နာရီအထိ
တင်ဒါပုံစံများကို ထုတ်ယူရမည့်နေရာ -
ထောက်ပံ့ပို့ဆောင်ရေးနှင့်၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးခွဲ၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ စတုတ္ထထပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၃။ တင်ဒါစည်းမျဉ်း စည်းကမ်းချက်များနှင့် လုပ်ငန်းများအသေးစိတ်ကို သိရှိရန် ဖုန်းအမှတ်- ၀၁ ၃၉၂၀၂၈၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀ (လိုင်းခွဲ-၁၁၉) သို့ ရုံးချိန်အတွင်း နံနက် (၉) နာရီမှ ညနေ (၄) အထိ စုံစမ်းနိုင်ပါသည်။
ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  26/ Sep/ 2022

(7) Fundmental Principles of Red Cross Red Crescent Movement

https://www.youtube.com/watch?v=mzQ3855aRs8  

Read More

  25/ Jul/ 2022

အရေးပေါ်လူနာများနှင် ဆေးရုံဆင်းလူနာများအား ကြက်ခြေနီက ကူညီဆောင်ရွက်ပေး

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်၊ ယနေ့တွင်မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မြောက်ချောင်းဖြူ‌ေကျးရွာ ကျန်းမာရေးဆေးခန်းမှ လွှဲပြောင်း မီးဖွားလူနာအား ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းခွဲ(ငယ်)ပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့ပြင် ဇူလိုင်လ (၂၃)ရက်နေ့ကလည်း ဆင်ဖြူကျွန်းမြို့၊ သမြင်ကင်းရွာမှ သွေးတိုးဝေဒနာ‌ေကြာင့် ‌မူးဝေနေသောလူနာအား ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ဆင်ဖြူကျွန်းမြို့ ပြန်လွင့်ရပ်မှ လေဖြတ်ဝေဒနာခံစားနေရသော လူနာအား ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများကို ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဇူလှိုင်လ (၂၂)ရက် တွင် မကွေးမြို့ တော်ဝင်ကံ့ကော် ဆေးရုံ မှ ဆေးရုံဆင်းလူနာအား ဆင်ဖြူကျွန်းမြို့ရှိ နေအိမ်သို့ပို့ဆောင်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  21/ Jul/ 2022

Myanmar Humanitarian Crisis English for MRCS

https://www.youtube.com/watch?v=C6lm4-G1J7Y  

Read More