|
RMS

  08/ Aug/ 2022

Our Volunteers helped saving the driver who flows in heavy water

တာချီလိတ်၊ ဩဂုတ်လ (၈) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် မိုးများစွာရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အသင်းများနှင့်အတူ ပူးပေါင်း ကူညီပေးခဲ့ပါသည်။
ထိုသို့ကူညီရာတွင် ရေစီးနှင်အတူ မျောပါသွားသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းကိုလည်း ပြန်လည်တွေ့ရှိစေရန် ရှာဖွေရာတွင် ပါဝင်ကူညီ‌ပေးခဲ့ပါသည်။

Read More

  05/ Aug/ 2022

Red Cross Volunteers cleaned a drinking water pool to access clean water

မင်းပြား၊ ဩဂုတ်လ (၄)ရက် ။ သန့်ရှင်းသော သောက်ရေသုံးရေ ရရှိမှုက ရပ်ရွာလူထုကျန်းမာရေးမြှင့်တင်မှုတွင် တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရပ်ရွာလူထုအတွက် ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိလာအောင် ဆောင်ရွက်လျှက် ရှိပါတယ်။ ယခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရပ်ရွာလူထု အသုံးပြု လျှက်ရှိသော မင်းကန်သောက်သုံးရေကန်အား ရေကောင်းရေသန့်ရရှိရေးအတွက် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။    

Read More

  03/ Aug/ 2022

The Red Cross Volunteers demostrated and taught the emergency first aid trainig forsnakebite in Hpa-An

ဘားအံ၊ ဩဂုတ်လ (၃) ရက်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာအုပ်စု ဖားလင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများအား မိုးရာသီအတွင်းအဖြစ်များသော မြွေကိုက်ဒဏ်ရာပြုစုနည်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုစုနည်းများကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ပါသည်။ ထို့အပြင် ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ခန္ဓာဗေဒအကြောင်းသိကောင်းစရာများကိုလည်း ပြောကြားခဲ့ပါသည်။  

Read More

  01/ Aug/ 2022

Providing humanitarian assistance to displaced people in Southern Shan State

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဩဂုတ်လ (၃) ရက်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။  

Read More

  23/ Jun/ 2022

ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းဆိုင်ရာ(အဆင့်မြင့်)သင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ပြုလုပ်သော ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းဆိုင်ရာ(အဆင့်မြင့်)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ ပြုလုပ်ခဲ့ပါသည်။
     သင်တန်းဖွင့်ပွဲတွင် အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အခြေအနေအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် ဆင်းရဲဒုက္ခများ တွေ့ကြုံခံစားနေရသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးလျက်ရှိပါကြောင်း၊လူမှုကရုဏာအကူအညီ လိုအပ်နေသည့် ရွေ့ပြောင်းသွားလာသူများကို စနစ်တကျ ကူညီဆောင်ရွက်နိုင်ရန် သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပြီး သင်တန်းမှ သိရှိရသည်များကို မိမိတို့ဒေသတွင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား အသိပညာများ ပြန်လည် ဖြန့်ဝေ ပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
     သင်တန်းဖွင့်ပွဲသို့ အသင်းဒုတိယဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခ‌ဒေါက်တာဒေါ်မြသူ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ လူသားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး
ဒေါ်ချမ်းမင်းဦး၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊
စီမံခန့်ခွဲရေးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွန်းဟန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Coordinator Ms.Marie Marrique ၊ ဆွီဒင်နိုင်ငံကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Rico၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းစီမံချက်မှ ဝန်ထမ်းများ၊ သင်တန်းသား၊ သူများ တက်ရောက်ကြပါသည်။
     ရွှေ့ပြောင်းသွားလာသူများနှင့် နေရပ်စွန့်ခွာရသူများ၏ လိုအပ်ချက်ကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို စနစ်တကျ ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ သင်တန်းကို ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဇွန်လ(၂၃)ရက်မှ ဇွန်လ(၂၄)ရက်နေ့အထိ (၂)ရက်တာ ပြုလုပ်မည့် အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်(၁၇)ခုမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး (၃၂)ဦး တက်ရောက်ကြမည် ဖြစ်ပါသည်။

Read More

  18/ May/ 2022

မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား ရှေးဦးပြုစုပေးကာ ဆေးရုံသို့ပို့ဆောင်ပေး

ရေး၊ မေလ(၁၈)ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေလ (၁၇)ရက်နေ့က ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ သူများအား ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ အသင်းခွဲပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးမှ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
#ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား
#FirstAidForAll #ambulanceservice

Read More

  13/ May/ 2022

တာချီလိတ်မြို့သို့ရောက်ရှိလာသော နေရပ်ပြန်များအား ကြက်ခြေနီက ကူညီဆောင်ရွက်ပေးလျက်ရှိ

တာချီလိတ်၊ မေလ(၁၃)ရက်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းသို့ အကြောင်းအမျိုးမျိုးကြောင့် လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သား နေရပ်ပြန် (၁၈၂)ဦးအား လက်ခံကြိုဆိုကူညီဆောင်ရွက်ခဲ့ပေးခြင်း၊ အဆိုပါနေရပ်ပြန်များအား သီးသန့်ထားရှိစင်တာတွင် (၇)ရက်တာနေထိုင်ရမည်ဖြစ်ပြီး အိုမီခရွန်စစ်ဆေး၍ ရောဂါကင်းစင်သူများအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးသို့ ပြန်လည် ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရောဂါတွေ့ရှိသူများကို သီးသန့်ထားရှိကာ အဆိုပါသီးသန့်လူနာ‌ဆောင်များတွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက တာဝန်ယူကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  13/ May/ 2022

ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ကြက်ခြေနီက အရေးပေါ်ရှေးဦးပြုစု

လမ်းမတော်၊ မေလ (၁၃)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မင်းရဲကျော်စွာလမ်းအနီးတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦး ဦးခေါင်းကွဲဒဏ်ရာများရရှိနေသဖြင့် လမ်းမတော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  13/ May/ 2022

အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာအား ကြက်ခြေနီက ဆေးရုံသို့ပို့ဆောင်ကူညီ

သင်္ဃန်းကျွန်း၊ မေလ (၁၃)ရက်။ ၂၀၂၂ခုနှစ်၊ မေလ(၁၃)ရက်နေ့ နံနက်(၁)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်ကွက်မှ နှလုံးရောဂါဝေဒနာရှင်တစ်ဦး အမောဖောက်၍ ဆေးကုသမှုခံယူရန်လိုအပ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များသွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး လူနာတင်ယာဉ်ဖြင့် အောင်ရတနာဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။  

Read More