|
RMS

  17/ Jan/ 2020

Myanmar Red Cross Society President Dr. Maung Maung Myint receives Toyota Motor Corporation Chief Representative (Yangon)

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင် မောင်မြင့်သည် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)မှ Chief Representative Mr.Yoshihisa Tonozuka နှင့် အဖွဲ့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခွဲအချိန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် အသင်းနှင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်းတို့လက်ရှိဆောင်ရွက် လျက်ရှိသည့်ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကိုဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်များမှ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကို လုပ်ဆောင်လျက်ရှိပြီး ဆရာ/ဆရာမ (၁၂၀) ဦး၊ Grade (3) မှကျောင်းသား/သူ (၁၂၅၀) ဦး၊ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄ ) ဦးအား အသိပညာဖြန့်ဝေထားပြီးဖြစ်သည်။

Read More

  10/ Jan/ 2020

Myanmar Red Cross Society President Dr. Maung Maung Myint receives Swedish Red Cross Madam President

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
= = = = = = = = = = = =
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Ms. Margareta Wahlstrom ဦးဆောင်သော အဖွဲ့အား၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က အသင်း(ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Margareta Wahlstrom ၊ Country Representative Ms. Anna Grauers Fischer နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Read More

  04/ Jan/ 2020

တောင်ကြီးတွင် (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်

တောင်ကြီး၊ ဇန်နဝါရီ၄။

(၇၂)ကြိမ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက်နေ့တွင် တောင်ကြီးမြို့၊ အဝေရာမိုးပုံးပံျကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုပြည်နယ်မှူးဦးအောင်ကျော်မျိုးနှင့်အတူ လူငယ်ခေါင်းဆောင် တတိယတန်းဦးစီးမှူးဒေါ်ဇွန်လေးဝေ၊ မြို့နယ်ဒုတပ်ဖ့ွဲမှူးဦးဖြိုးဝေခိုင်နှင့် ဦးစိုင်းကျော်တင့်၊ ဒုမြို့နယ်တပ်ဖဲ့ွမှူးဦးရန်ပိုင်၊ ပင်လောင်းမြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဦးထွန်းထွန်းလွင်၊မြို့နယ်တပ်စုမှူးဦးမျိုးမြင့်အောင်/ဦးစိုင်းလင်းလင်း၊ဦးဝေယံဖြိုး/ဒေါ်နန်းစန်းစန်းဦး နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ကျား(၁)ဦး၊မ(၈)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Credit to : ဦးထွန်းထွန်းလွင်

Read More