|
RMS

  15/ Apr/ 2021

သတိလစ်မေ့မျောနေသည့် အဖိုးတစ်ဦးအား လှိုင်ကြက်ခြေနီက ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ ၁၅ရက် နံနက်၁၀နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင်နေထိုင်သူ အဖိုးတစ်ဦး သတိလစ်မေ့မျောသွားသဖြင့် လှိုင်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အချိန်မီသွားရောက်ကာ အရေးပေါ်ရှေးဦးပြုစုပေးခဲ့ပြီး လူနာတင်ယာဥ်ဖြင့် အင်းစိန်မြို့နယ်ရှိကွယ်ကဘောဆေးရုံသို့လည်းကောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာလွှဲပြောင်းမှုများဖြင့်ဝိတိုရိယဆေးရုံသို့လည်းကောင်း၊ ပန်းလှိုင်ဆေးရုံသို့လည်းကောင်း အဆင့်ဆင့်ပို့ဆောင်ပေးခဲ့ကြပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  15/ Apr/ 2021

မီး​လောင်မှုဖြစ်ပွားခဲ့သည့် နေရာသို့ ကြက်ခြေနီများ သွားရောက် ပူးပေါင်းကူညီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ နံနက်အ‌စောပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်း၊ ကြည့်မြင်တိုင်​လေဟာပြင်ည​ဈေးရှိ စိန်ရတနာရုပ်ရှင်ရုံ မီး​လောင်မှုဖြစ်ပွားခဲ့ရာ ကြည့်မြင်တိုင် ၊ စမ်း​ချောင်း၊ လမ်းမ​တော်၊ အလုံ၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များမှ ကြက်​ခြေနီသူနာပြုတပ်ဖွဲ့ ဝင် စေတနာလုပ်အားရှင်များ သည်အကူအ‌ညီ‌ေပးနိုင်ရန်သွား‌ေရာက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုစောင့်ရှောက်မှုပေးခဲ့ကြသည်။

Read More

  14/ Apr/ 2021

ယာယီနေရပ်စွန့်ခွာပြည်သူများကို ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့သည် မြို့မရပ်ကွက် ဖောင်တော်ဦးဘုရား၌ ဗမွန်ကျေးရွာအုပ်စု၊ ပန်းမထိပ်နှင့် ဖြူရောင်ရွာတို့မှ ယာယီနေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၅၄)စုမှပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ပတ်ဝန်းကျင်ဆေးဖျန်းခြင်းနှင့် လိုအပ်သည်များကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့မှစ၍ နေ့စဉ်ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။

Read More

  14/ Apr/ 2021

နေပြည်တော်တွင် ကြက်ခြေနီက Mobile First Aid ပြုလုပ်လျက်ရှိ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၅)ဦးသည် Mobile First Aid ဆောင်ရွက်နေစဉ် လှေခွင်းတောင်နှင့် ပေါင်းလောင်းဆည်သွားသည့်လမ်း၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ(၂)ဦးကို တွေ့ရှိရာ ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။  

Read More

  14/ Apr/ 2021

မြစ်ကြီနား၌ ယာဉ်မတော်တဆဖြစ်ပြီး ထိခိုဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဝေးပြေးလမ်းမ၌ ယာဉ်မ‌ေတာ်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအား ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၅)ဦး တို့သည် ရှေးဦးပြုစုပေးပြီး ဆေးရုံ သို့ အချိန်မီပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  14/ Apr/ 2021

ဆိုင်ကယ်မတော်တဆဖြစ်သူကို ကြက်ခြေနီက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့ ညပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ဆိုင်ကယ်မ‌ေတာ်တဆဖြစ်သောလူနာအား ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးတို့က ရှေးဦးပြုစုပေးပြီး မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

Read More

  14/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့၌ ဆေးရုံဆင်း မီးဖွားလူနာတစ်ဦးကို မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် လူနာတင်ယာဉ်ဖြင့် ရေးမြို့နယ်၊ ကလော့ကျေးရွာသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
လူနာပို့ပြီးအပြန်တွင် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူကို တွေ့ရသဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့ကရှေးဦးပြုစုပေးခဲ့ကြပါသည်။

Read More

  13/ Apr/ 2021

အောင်မြေသာစံမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းဌေး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီ တို့ကို အိမ်ထောင်စု (၄၀)စု အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက် ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြပါသည်။

Read More

  13/ Apr/ 2021

ထားဝယ်တွင် အရေးပေါ်ကလေးမွေးဖွားမည့်သူနှင့် သတိလစ်လူနာတို့အား ‌ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ဝဲကျွန်းမြို့သစ်မှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးဖွားရန် နေအိမ်မှ ဆေးရုံသို့ အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ညပိုင်းတွင်လည်း ဆန်းချီရပ် ကမြောကင်းလမ်း၌ သတိလစ်နေသော လူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Read More