|
RMS

  06/ Apr/ 2021

မီးဘေးကယ်ဆယ်ရေးစခန်းတွင်ထိခိုက်ဒဏ်ရာရရှိသူများအား‌ ကြက်ခြေနီက ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၁)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက်၌ မီးလောင်ကျွမ်းခဲ့ရာ ယာယီဖွင့်လှစ်ထားသော မီးဘေးကယ်ဆယ်ရေးစခန်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော ပြည်သူများအား‌ရှေးဦးပြုစုနည်းဖြင့် အနာဆေး‌ခြင်း၊ ဆေးထည့်ပတ္တီးစည်းပေးခြင်းနှင့် မီးဘေးကယ်ဆယ်ရေးစခန်းအတွင်း ခြင်ဆေးဖျန်းခြင်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဧပြီလ(၅)ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  06/ Apr/ 2021

ထားဝယ်တွင် အရေးပေါ်ကလေးမွေးဖွားနိုင်ရန် ဆေးရုံသို့ ကြက်ခြေနီက ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဘုမ္မော်ရပ်‌နေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား အရေးပေါ်ကလေးမွေးဖွားနိုင်ရန် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးသည် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  05/ Apr/ 2021

ကျောက်ကြီးမြို့နယ်ရှိ နေရပ်စွန့်ခွါပြည်သူများအား ကြက်ခြေနီကအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဆပ်လဲကျေးရွာမှ အိမ်ထောင်စု (၅၁) စု သည် လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် ပဲခူးမြို့သို့ အရေးပေါ်ရွေ့ပြောင်းခဲ့ရကြောင်း သတင်းရရှိသဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့က နေရပ်စွန့်ခွာ ပြည်သူများ လိုအပ်သည့် ခြင်ထောင် (၅၁) ထည်၊ စောင်(၅၁)ထည် နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၅၁) ထုတ်တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More

  05/ Apr/ 2021

သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီ

၂၀၂၁ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ်ကျေးရွာအနီး ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် သတင်းပေးချက်အရ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲ လူနာတင်ယာဉ်နှင့် မွန်မြတ်စေတနာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်တို့ ပူးပေါင်းပြီး ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးခဲ့ကြပါသည်။
၎င်းဖြစ်စဉ်တွင် သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဦးက အရေးပေါ်လူနာတင်ယာဉ် (၃) စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများကို ရှေးဦးပြုစုပေးပြီး မော်လမြိုင်မြို့ ကုတင် (၃၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြသည်။

Read More

  04/ Apr/ 2021

ရွှေဘိုတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ကော့ကျေးရွာ၌ ၂၀၂၁ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု(၉)စု၊ လူဦးရေ (၃၁)ဦးတို့အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သော မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ရွှေဘိုခရိုင်ကြက်‌ေခြနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်‌ေခြနီအသင်းခွဲ အမှုဆောင်များနှင့် မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ကျော်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့က ဧပြီလ(၆)ရက်နေ့တွင် သွားရောက်‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

Read More

  03/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့ကစပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အသင်းခွဲရုံးမှာ "Emergency First Aids &Community Based Clinic "ကိုဖွင့်ထားပါတယ်။
ကလေးအထူးကုဆရာဝန်တစ်ဦးအပါအဝင် ရာသက်ပန်အသင်းဝင်ဆရာဝန်တွေက ကူညီဆောင်ရွက်‌ပေးနေကြတာဖြစ်ပြီး နေ့စဉ်နံနက်(၉)နာရီကနေ နေ့လည်(၁၂)နာရီအထိ ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။
အသင်းခွဲက လူနာတင်ယာဉ်များကို အသုံးပြုပြီး အရေးပေါ်ရှေးဦးပြုစုစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးပြီး လိုအပ်ပါက ဆေးရုံကို ဆက်လက် ညွှန်းပို့‌ပေးတာတွေကို မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးကပြောပါတယ်။

Read More

  02/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦးက ဖေဖော်ဝါရီလ (၄) ရက်နေ့ကနေ ယနေ့အချိန်ထိ နေ့ညမပြတ် ပြည်သူများအတွက် လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု အကူအညီများကို ကူညီပေးလျှက်ရှိပြီး အမြဲ အသင့်အနေအထား ရှိနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုပေးတယ်၊ လိုအပ်ပါက ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ လုပ်ဆောင်မှုတိုင်းမှာ ကြက်ခြေနီအခြေခံမူ (၇) ချက်နဲ့အညီ လိုက်နာဆောင်ရွက် ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လတွေ အတွင်းမှာ ကျွန်တော်တို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း (၂၄၀) ကျော်ကို လိုအပ်တဲ့ အကူအညီများ ပေးနိုင်ခဲ့ပါတယ်... "  

Read More

  02/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား
အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစု‌နည်းဖြင့် ပြုစုစောင့်ရှောက်ပေးပြီး အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။

Read More

  01/ Apr/ 2021

ပြည်ကြီးတံခွန်မြို့နယ်မှ မီးဘေးသင့်အိမ်‌ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့မှုများပြုလုပ်

၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော မီးဘေးသင့်အိမ်‌ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၉၀)စုံ၊ စောင်(၉၀)ထည်၊ ခြင်ထောင်(၁၀၀)လုံး၊ တာပေါ်လင်စ (၉၀) ခု၊အမိုးအကာဆောက်လုပ်ရေးအထောက်အကူပြုပစ္စည်း(၁၀)စုံ၊ ရေပုံး (၉၀) ပုံး၊ အဝတ်အစားထုပ် (၁၆)ထုပ်တို့ကို တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပြည်ကြီးတံခွန်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့အပြင် မီးဘေးသင့်ပြည်သူများအတွက် ယာယီတဲများဆောက်လုပ်ရာတွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

Read More