|
RMS

  03/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အခြေခံမူ(၇)ချက်နှင့်အညီ နိုင်ငံတစ်ဝှမ်း အကူအညီလိုအပ်သူများထံ လူမှုကရုဏာအကူအညီများပေးအပ် လျက်ရှိပါသည်။
မတ်လ (၃) ရက်နေ့ကလည်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်းများ ဖွင့်လှစ်ထားရှိပြီး ထိခိုက်ဒဏ်ရာရသူ မည်သူ့ကိုမဆို ရှေးဦးပြုစုပေးခြင်းနှင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းများကို အချိန်နှင့်တပြေးညီ ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။
[supsystic-gallery id=9]

Read More
Mawlamyine (28.2.2021)

  01/ Mar/ 2021

Everywhere for Everyone

Myanmar #RedCross is providing urgent medical care through their volunteers, first aid stations, and ambulances taking people to hospital. We ask that all aid workers, vehicles and facilities are respected, that they are not targeted and that they be allowed to carry out this life-saving work. [supsystic-gallery id='8']

Read More

  24/ Dec/ 2020

မိုင်းရှူးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်ရောဂါ အသိပညာပေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က မိုင်းရှူးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ မိုင်းရှူးမြို့နယ်၊ (၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်လံနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး မိုင်းစံမြို့ဝင်ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသည်စာရင်းများ မှတ်တမ်းသွင်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  23/ Dec/ 2020

ကျောင်းကုန်းနဲ့ အိမ်မဲကြက်ခြေနီများ COVID-19 ကာကွယ်ရေးဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်း‌ဒေသကြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေ့စဉ် ပါဝင်ကူညီဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၃ ရက် ယနေ့မှာ ကျောင်းကုန်းမြို့နယ် COVID -19 ရောဂါကာကွယ်ထိန်းချုပ်‌ေရး‌ကော်မတီနဲ့ ပူးပေါင်းကာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ မြို့မဈေးလမ်းဆုံ နှင့် မီးသတ်ရုံးရှေ့များမှာနှာခေါင်းစည်း(၁၀၀၀)ခုကို ပေးဝေခဲ့ကြပါတယ်။ ထို့အတူ အိမ်မဲမြို့နယ်မှာလည်း မြို့နယ်COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ အတူ မြို့နယ်ကြက်ခြေနီအသင်းခွဲက ကြက်ခြေနီစေတနာလုပ်အားရှင်များက အသွားအလာကန့်သတ်စောင်ကြည့်စခန်းများ၊ ယာယီဆေးရုံ၊ မြို့ဝင်ဂိတ်များမှာ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးခြင်းများမှာ ကူညီ ဆောင်ရွက်လျက်ရှိကြပါတယ်။

Read More

  23/ Dec/ 2020

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကြက်ခြေနီက ပိုးသတ်ဆေးဖျန်းပေး

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ဟားခါးမြို့ နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ကာကွယ်‌ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးမြို့ GTI ကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ပိုးသတ်ဆေးဖြန်းပေးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  23/ Dec/ 2020

ပေါက်တောတွင် COVID-19နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို နေ့စဉ်ရက်ဆက်ဆောင်ရွက်လျက်ရှိ

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ အသွားလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အစားသောက်များကူညီဖြန့်ဝေခြင်း၊ မြို့ပေါ်ရပ်ကွက်ရှိ လူအများဖြတ်သန်းသွားလာရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လက်သန့်စင်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျှက်ရှိကြသည်။

Read More

  22/ Dec/ 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဆေးကုသမှုခံယူဖို့ လာတဲ့သူတွေကို နေပြည်တော်က ကြက်ခြေနီစေတနာလုပ်အားရှင်များက အကူအညီပေးလျက် ရှိပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကျောက်ကြီးမြို့နယ်က လူနာနဲ့ လူနာစောင့်(၃)ဦးကို စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံဆင်းလူနာနဲ့ လူနာစောင့်(၂)ဦးကိုလည်း ကျောက်တံခါးမြို့နယ်သို့ ပြန်ဖို့အတွက် ၂၀၂ မိုင် စစ်ဆေးရေးဂိတ်သို့ သွားရာမှာအခမဲ့ ပို့ဆောင် ကူညီပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၃ ရက် ယနေ့မှာလည်း တောင်သာမြို့နယ်က လာရောက်‌ေဆးကုသတဲ့ လူနာနှင့်လူနာစောင့်(၂)ဦးကို စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှဥတ္တရသီရိအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံဆင်းလူနာနဲ့ လူနာစောင့်(၃)ဦးတို့ တောင်ငူမြို့နယ်သို့ပြန်ရန်အတွက် ၂၀၂မိုင်စစ်ဆေးရေးဂိတ်သို့ သွားရာမှာလည်း ကြက်ခြေနီဒုတိယတပ်ခွဲမှူး ဦးကျော်ကျော်ထွန်းနဲ့ ဦးကောင်းမြတ်ဝင်းတို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ အခမဲ့ ပို့ဆောင် ကူညီပေးခဲ့ကြပါတယ်။

Read More

  22/ Dec/ 2020

နေရပ်ပြန်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား ၉ ဦးနှင့် မ ၄ ဦးတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ရောက်ရှိလာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် စာရင်းများမှတ်သားခြင်းတို့ကို ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်။

Read More