|
RMS

  22/ Dec/ 2020

စေတနာရှင်များနဲ့ ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲ စုပေါင်းလှူဒါန်းမှုဖြင့် နှာခေါင်းစည်းများပေးဝေ

စေတနာရှင်ပြည်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ စုပေါင်းလှူဒါန်းမှုဖြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၁၃,၆၀၀)ခုကို ပြည်သူများအား ယနေ့ ဒီဇင်ဘာ လ ၂၂ ရက်နေ့မှာ ပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။ ထိုသို့ပေးဝေရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးစိုးတင့် နှင့် အမှုဆောင်များ၊ မြို့နယ်ကြ‌က်ခြေနီတပ်ဖွဲ့ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၀) ဦးတို့က မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ပေးဝေခဲ့ကြပါတယ်။

Read More

  21/ Dec/ 2020

ပင်စင်လစာလာရောက်ထုတ်ယူ‌တဲ့ နိုင်ငံဝန်ထမ်း (အငြိမ်းစား)များအား အင်းစိန်ကြက်ခြေနီများ ကျန်းမာရေးစောင့်ရှောက်ကူညီ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင်ပင်စင်လစာ လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား COVID-19ရောဂါ ကာကွယ်ရေးအတွက် လစဥ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

Read More

  21/ Dec/ 2020

မြိတ်တွင် COVID-19ရောဂါကာကွယ်ရေးကြက်‌ေခြနီ ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးဇေယျာမိုးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့ဟာ မြိတ်တောင်အလယ်ပိုင်းရပ်ကွက်မှာ COVD -19‌ေရာဂါဆိုင်ရာ လိုက်နာရမည့်အချက်များကို အသံချဲ့စက်နဲ့ အသိပညာပေး ဆော်ဩကြပြီး အများမြင်သာတဲ့ နေရာများမှာ အသိပညာပေး ပိုစတာကပ်တာတွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

Read More

  21/ Dec/ 2020

တာချီလိတ်မြို့နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းကိုး အခြေခံပညာအထက်တန်းကျောင်း၊ ပုန်းထွန်အခြေခံပညာအထက်တန်းကျောင်းခွဲ တွေမှာဖွင့်ထားတဲ့ Quarantine Center တွေမှာ ကျန်းမာရေးကူညီစောင့်ရှောက်ပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီတာတွေ၊ အစားအသောက်စီစဉ်ပေးတာတွေကို ဆောင်ရွက်ခဲ့ကြသလို အတည်ပြုလူနာတွေနေထိုင်ခဲ့တဲ့ အခန်းတွေကို ပိုးသတ်ဆေးဖြန်းတာတွေနဲ့ သန့်ရှင်းရေးကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  20/ Dec/ 2020

မိုင်းယောင်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းယောင်းမြို့လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းယောင်းမြို့လူစည်ကားရာနေရာတွေကနေ ဖြတ်သန်းသွားလာသူအချို့နဲ့ ဈေးတွေကို ဈေးဝယ်လာရောက်ကြသူတွေကို နှာခေါင်းစည်းတွေအခမဲ့ဖြန့်ဝေပေးတာတွေ ရောဂါကာကွယ်ရေးအသိပညာပေးတာတွေ ဆောင်ရွက်လျက်ရှိနေကြသလို ကိုဗစ်ရောဂါကြောင့် ဆေးရုံတွေမှာကုသမှုခံယူပြီး ပြန်လည်နေကောင်းကျန်းမာလာသူတွေကိုလည်း နေအိမ်များဆီသို့ အသီးသီးပို့ဆောင်ကူညီပေးလျက်ရှိနေကြပါတယ်။

Read More

  19/ Dec/ 2020

ကချင်ပြည်နယ်တွင် ကြက်ခြေနီကရပ်မိရပ်ဖအလှူရှင်များနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ၁၉ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသိန်းကြည် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မံစီမြို့နယ်အတွင်းရှိ ကျေးရွာများမှရပ်မိရပ်ဖများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဗန်းမော်မြို့နယ်မှ ညောင်ပင်သာကျောင်းတိုက်၊ မင်းစည်ဘုန်းတော်ကြီးကျောင်း၊ ရေရှင်ပရဟိတကျောင်း၊ ရောဘတ်မိဘမဲ့ဂေဟာ၊ AGဧဝံဂလိ ကလေးသူငယ်စောက်ရှောက်ရေးဂေဟာ၊ RC-စစ္စတာရ်သီလရှင်ကျောင်း၊ တံခွန်တိုင် စာသင်တိုက်များသို့ မြန်မာငွေကျပ် ၁၂သိန်းခန့်တန်ဖိုးရှိ ဆန်အိတ် ၁၂ပြည်ဝင်အိတ်(၇၀)၊ပိန်းဥ(၄)အိတ်၊ကျောက်ဖရုံသီး အလုံး(၁၀၀)၊ရွှေဖရုံသီး အလုံး(၁၂၀) တို့ကို သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။

Read More

  19/ Dec/ 2020

မြောက်ဉီးတွင် COVID-19နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို နေ့စဉ်ရက်ဆက်ဆောင်ရွက်လျက်ရှိ

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဉီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးမြင့်အေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်း၊ မြို့ပေါ်ရပ်ကွက်ရှိ လူအများဖြတ်သန်းသွားလာရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လက်သန့်စင်ဆေးရည်ဖြင့် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ကိုဗစ်၁၉ရောဂါ နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျှက်ရှိကြသည်။

Read More

  18/ Dec/ 2020

ဟားခါးမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးအတွက် ကြက်ခြေနီဆောင်ရွက်

ဒီဇင်ဘာလ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေးအတွက် ပိုးသတ်ဆေးများဖြန်းပေးခြင်းတို့ကို ဟားခါးခရိုင်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

Read More

  17/ Dec/ 2020

ဘားအံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်၌ ခရီးသည်များ၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားမှုများအား ပြန်လည်စာရင်းသွင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဘားအံမြို့နယ်မှ ကြက်ခြေနီတပ်ခွဲမှူး ဦးစောကျော်အဲခလိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Read More