10/ Oct/ 2020
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မူဆယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းမွေဖောင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရုံးအနီးရှိ ကုန်တင်ကားများထံသို့ လာရောက်ဈေးရောင်းချသူများအား ကိုဗစ်ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ မျက်နှာအကာ၊လက်သန့်စင်ဆေးရည်နှင့် နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ အသုံးပြုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
09/ Oct/ 2020
ဟင်္သာတ၊ ကျိုက်လတ်၊ ဘိုကလေး ၊ အောက်တိုဘာ ၉
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အဝင် ဂိတ်အမှတ် (၂) လယ်တော်အဝေးပြေးဝန်းရှေ့ ရန်ကုန်လမ်းကြောင်းဂိတ်၊ ဂိတ်အမှတ်(၃)အေးမြသာယာအဝေးပြေး
ယာဉ်ရပ်နား စခန်း တို့၌ COVID-19ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်း တို့ကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနှင့်အတူ ဟင်္သာတမြို့
နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၃ ဦး တို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်စိုး ဦးဆောင်သော ကြက်ခြေနီ
စေတနာလုပ်အားရှင် ၇ ဦးတို့သည် အမှတ်( ၂ / ၃ / ၄)ရပ်ကွက်များတွင်လှုံ့ဆော်ခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဘိုကလေးမြို့နယ် အထက (၃) အသွားအလာကန့်သတ် စောင့်ကြည့်စခန်း တွင် တာဝန်ထမ်းဆောင်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ထမင်းကြော်၊ ဆီ၂ပုံး၊ ကြက်သွန်နီ၊ အာလူး စသည်တို့ကို အလှူရှင် ဒေါ်နီနီလှိုင်၊ ဒေါ်မိုးစန္ဒာဝင်း တို့က လှူဒါန်းခဲ့ကြသည်။
09/ Oct/ 2020
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပကာရီ၊ ပခပ်၊ ရမ္မဇူနှင့်သကန်းတုံး ကျေးရွာတို့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ဗီနိုင်းများကပ်ခြင်း နှင့်ဗမာ/ထားဝယ်စကားများဖြင့် အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးကိုကိုနိုင် ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၁၀ ဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင်လည်း မြို့အတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက်ရှိကြသည်။
09/ Oct/ 2020
🏵🏵🏵၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေရာအနှံ့တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ပါအတိုင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။
1️⃣တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာဈေးတွင် လည်းကောင်း၊
2️⃣မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ တို့က မိုင်းရှူးမြို့အဝင်တံတားထိပ်နှင့်
3️⃣ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာနိုင်အောင်ဟိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးက ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စသော နေရာအသီးသီးတွင်
💁♀️🧏🤷♂️COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် စနစ်တကျတပ်ဆင်ရန် တိုက်တွန်းခြင်းတို့ကို
👮♀️👨⚕️👩🏭👨💼မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
09/ Oct/ 2020
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးတင်လှိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၅) ဦးတို့သည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ CBFQ စခန်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရန်အတွက် ရောက်ရှိလာသူများအား နေရာချထားခြင်းနှင့် COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြသည်။
09/ Oct/ 2020
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၉ရက်နေ့က မိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာကြသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်များ အသုံးပြုစေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် မိုင်းဖြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာကြသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်းတို့ကိုလည်းကောင်း၊ Facility Quarantine Center များတွင် အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းတို့ကိုလည်းကောင်း ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသီးသီး ဆောင်ရွက်လျက်ရှိကြသည်။
09/ Oct/ 2020
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၉ရက်နေ့က ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်ခိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို လည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ကာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။
07/ Oct/ 2020
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၇ ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အုန်းတောစက်လှေဂိတ်၊ ကော့ကရက်လမ်းဆုံနှင့် အမှတ် (၁) ရပ်ကွက်တို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနိုးဆော်ခြင်း၊ ပိုစတာများကပ်ပေးခြင်း၊ အလှူရှင်များမှလှူဒါန်းသော နှာခေါင်းစည်းများအား ပြန်လည်ဖြန့်ဝေပေးခြင်း၊ စနစ်တကျတပ်ဆင်ရန်အသိပညာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ပေးဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းတို့အား လက်တွေ့သရုပ်ပြခြင်းတို့ကို ဖာပွန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်စိုးဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅ ဦးတို့က ဆောင်ရွက်ခဲ့သည်။
07/ Oct/ 2020
၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၇ရက်နေ့က မိုးညှင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ နန်းမား၊ မော်ဟန်၊ လယ်မှီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဆယ်မိုင်ကျေးရွာနှင့် အင်ကွယ်ကျေးရွာများတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ နေအိမ်အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းခံယူသူများအား စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။