12/ Sep/ 2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျောက်လုံးကြီးအသွားအလာကန့်သတ်စခန်းတွင် အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ (၂၄)ဦးနှင့် MOUစခန်းတွင်အသွားလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန် ပြည်သူ(၆၄)ဦးတို့အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသား တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။
12/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က သထုံခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်လှ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့က မွန်ပြည်နယ်ရှိ စစ်တောင်းတံတားသစ်နှင့် စစ်တောင်းတံတားဟောင်းလမ်းဆုံရှိ စစ်ဆေးရေးဂိတ်များ၊ စစ်တောင်းကျေးရွာလူမှုကူညီရေးအသင်းနှင့် သိမ်ဇရပ်မြို့ ခိုင်မြဲသောလက်များလူမှုကူညီရေးအဖွဲ့တို့မှ COVID - 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအတွက် နှာခေါင်းစည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် စစ်တောင်းတံတားဟောင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးအတွက် ခေါက်ဆွဲခြောက်(၃)ဖာကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
12/ Sep/ 2020
11/ Sep/ 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူပြီး COVID-19 ရောဂါပိုးကင်းစင်ကာ ကျန်းမာလာသူ ၃၅ဦးအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၁ရက်နေ့က ပူးပေါင်းကူညီပေးခဲ့ကြသည်။
11/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ မြို့ဝင်ဂိတ်၊ မနက်ခင်းစျေးနှင့် သံလွင်ဦးမြို့မစျေးတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် လမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ နေရာအနှံ အသိပညာပေးပိုစတာများကပ်ပေးခြင်းနှင့် ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်းတို့အား သရုပ်ပြခြင်းကို ဖာပွန်ခရိုင်ကြက်ခြေနီအသင်းခွဲမှ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးဇော်မင်းလတ်နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးသက်စိုးဦး ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၂၃ ဦးတို့က ဆောင်ရွက်ခဲ့ကြသည်။
10/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လက်ဆေးဆပ်ပြာနှင့် ရေမလိုလက်သန့်ဆေးရည်များ သွားရောက်လှူဒါန်းရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် စခန်းတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
10/ Sep/ 2020
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုး၊ ဇေယျာသီရိမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး၊ ပျဥ်းမနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦး တို့သည် ဥတ္တရသီရိမြို့နယ်ရှိ ရွှေသဇင်စျေးနှင့် တောင်ညိုစျေး၊ ဇေယျာသီရိမြို့နယ်ရှိ လူစည်ကားရာနေရာများ၊ ကျောက်ချက်ကျေးရွာ၊ စည်ပင်သာယာကျေးရွာများနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပုဗ္ဗသီရိစျေးတို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
10/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ ဈေးများ၊ ကားဂိတ်များနှင့် လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ြခင်း၊ ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ညောင်လေးပင်မြို့နယ်ရှိ ကားဂိတ်များ၊ ဆိုက်ကားဂိတ်များတွင် နှာခေါင်းစည်းများဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ကျောက်တံခါးမြို့နယ်အတွင်းရှိ လူအများသွားလာနိုင်သောနေရာများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းလွင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့နယ်ရှိ ဖက်တန်းဈေးနှင့် ဟင်္သာကုန်းထိပ်တို့တွင် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဆပ်ပြာခဲများပေးဝေခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။
09/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစောလားဘွယ်ထူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုု့နယ်၊ ရွာကြီးကျေးရွာအုပ်စုတွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ခွဲမှူး ဦးခင်မောင်ဆန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးက သံတောင်ကြီးမြို့ဝင်ဂိတ်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။