18/ Sep/ 2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့သည် ထားဝယ်မြို့တဂူသိမ်စျေး၊ စည်ပင်သာယာစျေးနှင့် ကမ်းနားစျေးတို့တွင် COVID-19ရောဂါကာကွယ်ရေးအတွက် စျေးသူ/စျေးသားများကို နှာခေါင်းစည်းတပ်စေခြင်း၊ စျေးအတွင်း ဝင်ရောက်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း တပ်ဆင် လက်ဆေးပြီးမှစျေးအတွင်း ဝင်ရောက်စေခြင်းနှင့် ဗမာ/ထားဝယ်စကား ၂ မျိုးဖြင့် အသံသွင်းထားသော အသိပညာပေးအချက်အလက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်ကော်မတီ၊ Clean Dawei ၊ စေတနာ့ဝန်ထမ်းများ၊ ထားဝယ်ဒေသ COVID-19ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ တို့ နှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။
17/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနသို့ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များ၊ မျက်နှာအကာများ၊ လက်အိတ်များအား သွားရောက်လှူဒါန်းခဲ့ကြသည်။
17/ Sep/ 2020
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်ပမှပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းဇော် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက COVID-19 ရောဂါကာကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများသွင်းခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
17/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး မြို့အဝင်ဂိတ်တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပေါင်းတည်မြို့နယ်အတွင်း မြို့ဝင်ဂိတ်များတွင် ဖြတ်သန်းသွားလာသူများအား ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
17/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကျား (၉၅)၊ မ (၂၇)နှင့် ရွှေမြဝတီအသွားလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှတဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား (၂)၊ မ (၁)ဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျောက်လုံးကြီးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၆) ဦးတို့က ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
17/ Sep/ 2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့က ရပ်ကွက်ေတွမှာ COVID-19 ရောဂါကာကွယ်ရေးလှုံ့ဆော်ခြင်း၊ စနစ်တကျလက်ဆေးခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတများေပးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့က ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။
17/ Sep/ 2020
မူဆယ်မြို့နယ်(မိုင်းယု ၁၀၅မိုင်)ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မူဆယ်မြို့ ၁၀၅မိုင်ရွာအနီးမှာရှိတဲ့ တိုးဂိတ်၊ ကုန်သွယ်ရေးဇုန်များနဲ့ ကျေးရွာများမှာလည်း COVID-19 အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် ပိုစတာကပ်ခြင်းတို့ကို စက်တင်ဘာလအတွင်းမှာ ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။
16/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၆ရက်နေ့က မြိတ်မြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တောနောက်လယ်အမှတ်၁တံတား၊ ရေနံမြေတောလှေဆိပ်တို့တွင်လည်းကောင်း ၁၆. ၉. ၂၀၂၀ရင်နေ့တွင် ကန်ဘောင်ရိုးရပ်ကွက်၊ ကြောင်ငယ်ရပ်ကွက်များတွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
16/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၁၆ရက်နေ့က မိုးညှင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ပူးပေါင်းကာ လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။