|
RMS

  16/ Jan/ 2024

Prof. Dr. Myo Nyunt, the President of the Myanmar Red Cross Society, attended the opening ceremony of communication training for Red Cross Volunteers from the Ayeyarwaddy Region

ရန်ကုန်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်။
 
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ပြုလုပ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of Delegation Ms. Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပါသည်။
ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဇန်နဝါရီလ(၁၈)ရက်နေ့အထိ (၃)ရက်တာ ပြုလုပ်လျက်ရှိသော အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀)ဦး တက်ရောက်လျက်ရှိပါသည်။
ပြောင်းလဲလာသည့် ခေတ်စနစ်နဲ့အညီ အသင်း၏ ပြန်ကြားဆက်သွယ်ရေး အခန်း ကဏ္ဍနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေး မြှင့်တင်စေရန်၊ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများကို အပြုသဘော ဆောင်သော ပြန်ကြားဆက်သွယ်ရေး အခန်းကဏ္ဍ တိုးမြှင့်စေရန်၊ ကြက်ခြေနီပုံရိပ်ကောင်းများရရှိစေရန်အတွက်အသင်းဌာနချုပ်နှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်များအကြား အချင်းချင်း ချိတ်ဆက်ကာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကို ပီပြင်စွာ ဆောင်ရွက်နိုင်စေရန်၊အပြုသဘောဆောင်သည့် သတင်းအချက်အလက်များကို ပြန်ကြားဆက်သွယ်ခြင်းဖြင့် အလှူရှင်များ၊ အသင်းဝင်များ တိုးပွားလာစေရန်နှင့် ပူးပေါင်း ပါဝင်လာစေရန် ပြန်ကြားဆက်သွယ်ရေးနည်းလမ်းများမှတဆင့် တစ်ဖက် တစ်လမ်းမှပံ့ပိုးကူညီနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးသင်တန်းကိုမွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဖွင့်လှစ်ခဲ့ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်လည်း ဆက်လက် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
 

Read More

  13/ Jan/ 2024

Professor Dr. Myo Nyunt, the president of the Myanmar Red Cross Society, attended the ceremony for the delivery of supporting items.

တောင်ကြီး၊ ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကိုဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီက ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ အသင်းဥက္ကဋ္ဌ က လိုအပ်သည့် လမ်းညွှန်မှုများ ပေးခဲ့ပါသည်။
ထို့နောက်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးတို့က ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်၊ လဲချားမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် အောင်ပန်းမြို့ကြက်ခြေနီ အသင်းခွဲငယ်တို့အတွက် Ambulance Stretcher Trolley များကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ လဲချားမြို့နယ် ကြက်ခြေနီအသင်းခွဲများအတွက် အရေးပေါ် လူနာတင်ယာဉ်ဝတ်စုံများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲ အတွက် (၁၆၀ပေx ၆၀ပေ) မြေကွက် လှူဒါန်းသည့် ဦးစိုင်းဆိုင်လင်မိန်းအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါ သည်။ ယင်းနောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် အသင်းချုပ်ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည်ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြား ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပိုင်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တောင်ကြီးခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ နမ့်စန်၊ လဲချားနှင့် မိုင်းရှူးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အောင်ပန်းမြို့ကြက်ခြေနီ အသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် Oxygen Plant တည်ဆောက်ရန် မြေနေရာ လှူဒါန်းသည့် အလှူရှင်များ တက်ရောက်ခဲ့ပါသည်။

Read More

  09/ Jan/ 2024

Senior Nurse

Read More

  09/ Jan/ 2024

Field Officer

Read More

  09/ Jan/ 2024

Driver

Read More

  05/ Jan/ 2024

WASH Officer

Read More