|
RMS

  12/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက သောက်သုံးရေများဆက်လက်ဖြန့်ဝေ

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေများဖြန့်ဝေခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်/ရွာမကျေးရွာသို့ ရေလီတာ(၄,၅၀၀)၊ ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာတွင် ရေလီတာ(၃,၅၀၀)ဖြင့် စုစုပေါင်းသောက်သုံးရေ လီတာ(၈,၀၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

Read More

  09/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် LifePlus (Lujee Venture Capital Limited)မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လာရောက် လှူဒါန်းရာ လှူဒါန်းပွဲကို ဇွန်လ(၉)ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် LifePluse မှ Asstistant HR Manager ဒေါ်ဝင့်သိင်္ဂီထွန်း က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၃၅ သိန်းတန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Sri Trang Ayeyar Rubber Industry Co., Ltd. မှလည်း အလှူငွေ ကျပ် ၁ဝ သိန်း ကို ဘဏ်မှ တဆင့် ပေးပို့ လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ် ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်
ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  07/ Jun/ 2023

Driver

Read More

  07/ Jun/ 2023

Fundraising Officer

Read More

  06/ Jun/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ရေအခဲအခက်ရှိသည့်နေရာများအား ကြက်ခြေနီကကူညီ

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် သန့်စင်တဲ့သောက်သုံးရေရရှိဖို့က အရမ်းကိုအရေးကြီးလှပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရေအခက်အခဲရှိတဲ့နေရာတွေကို လက်လှမ်းမီသလောက်သွားရောက်ကာ နေ့စဉ်ရေပေးဝေလျက်ရှိသလို၊ ကောင်းမွန်တဲ့ရေအရင်းမြစ်ရရှိအောင် ကူညီပေးနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ကျောက်တော်မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွက်သန့်စင်သောသောက်သုံးရေပေးဝေနိုင်ဖို့ အသင်းဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လမှစတင်၍ ကွင်းဆင်းလေ့လာခြင်းများ၊ ရေသန့်စက်တပ်ဆင်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။ [gallery display="grid" targetsize="wcstandard" link="file" columns="2" size="wcstandard" ids="15455,15454,15453,15446,15447,15448,15449,15450,15445,15444"]

Read More

  29/ May/ 2023

Training Officer

Read More