|
RMS

  16/ May/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ မေလ(၁၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန မှ ဖွင့်လှစ်သော ရန်ပုံငွေမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုကရုဏာဆိုင်ရာပညာရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားသို့ အသင်းဌာနချုပ် အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာဦးတင်ညွန့်နှငိ့ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ၊ ရခိုင်ပြည်နယ်စီမံချက်များ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနနှင့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် အရင်းအမြစ်စုစည်းအသုံးချရေးဌာနမှူးက ရန်ပုံငွေမြှင့်တင်ခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါသင်တန်းအား မေလ(၁၆)ရက်မှ (၁၇)ရက်အထိ (၂)ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

Read More

  14/ May/ 2022

ထိခိုက်ဒဏ်ရာရရှိသူလူနာအား ကြက်ခြေနီက ဆေးရုံသို့ပို့ဆောင်ကူညီ

အင်းစိန်၊ မေလ (၁၄)ရက်။
၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်မှ စက်ဘီးမှောက်၍ ထိခိုက်မှုဖြစ်ပွားပြီး သတိလစ်လူနာတစ်ဦးအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ပြီး တွဲလက်လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  14/ May/ 2022

မကွေးတွင် မိသားစုပြန်လည်ဆက်သွယ်ပေးရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

မကွေး၊ ၂၀၂၂ခုနှစ်၊ မေလ(၁၄)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော မိသားစုပြန်လည်ဆက်သွယ်ပေးရေး(မွမ်းမံ)သင်တန်း (၅/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်ချောခင် က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်က အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင်များ၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
လုပ်ငန်းလိုအပ်ချက်နှင့်အညီမွမ်းမံထားရှိသည့် သင်ခန်းစာများကို ပြန်လည်ပို့ချရန်၊ ရွေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာနေထိုင်ခြင်းတို့ကြောင့် နောက်ဆက်တွဲကြုံတွေ့လာနိုင်သည့်မိသားစုပြန်လည်ဆက်သွယ်ပေးရေး လိုအပ်ချက်များဖော်ထုတ်နိုင်ရန် အတွက် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မေလ(၁၄)ရက်နှင့် (၁၅)ရက် (၂)ရက်တာ အတွင်း မကွေးတိုင်းဒေသကြီးရှိ မြို့နယ်(၂၅)မြို့နယ်မှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။

Read More

  14/ May/ 2022

ကြက်ခြေနီက မန်တုံတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျော့ချရေး အသိပညာပေးစီမံချက်များ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးရေး အသိပညာပေးခြင်း စီမံချက်လုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ မေလ (၁၄) ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့အတွင်းရှိ ပြည်သူများ ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုလျှော့ပါးသက်သာစေရန်ရည်ရွယ်၍ မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းအကြွင်းအကျန်များ၏ ဆိုးကျိုးများ၊ ထိခိုက်မှုအန္တရာယ်များနှင့် ဒေသဆိုင်ရာအမှတ်အသားများ အကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် မန်တုံမြို့နယ်မှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော် နှင့် မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဦးဆောင်ဆွေးနွေးကာ တတ်ရောက်လာသူများကလည်း စိတ်ပါဝင်စားစွာပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Read More

  13/ May/ 2022

Program Coordinator

Read More

  13/ May/ 2022

Pharmacist

Read More

  13/ May/ 2022

Midwife

Read More

  13/ May/ 2022

Finance Officer

Read More

  13/ May/ 2022

Field Officer

Read More