|
RMS

  28/ Sep/ 2021

အရေးပေါ်မီးဖွားမည့် ကိုယ်ဝန်ဆောင်အား ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ည (၁၀)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ ကိုယ်ဝန်​ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ် မီးဖွားရန်လိုအပ်သဖြင့် သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြပါသည်။

Read More

  23/ Sep/ 2021

Driver

Read More

  23/ Sep/ 2021

Referral Officer

Read More

  22/ Sep/ 2021

မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုများ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့နှင့် စက်တင်ဘာလ (၁၈) ရက်နေ့တို့တွင် ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် ရေးမြို့နယ်ပြည်သူ့‌ဆေးရုံတွင် အရေးပေါ်သွေးလိုအပ်‌နေသည့် လူနာများအတွက် (O)သွေး(၁)လုံးနှင့် (B)သွေး(၁)လုံးတို့ကို လှူဒါန်းခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ(၁၇)ရက်နေ့နှင့် စက်တင်ဘာလ(၂၁)ရက်နေ့တို့တွင် ချောင်းဆုံမြို့နယ်၊ မုဒွန်းနှင့် ကမာမိုကျေးရွာများ၌ အခမဲ့ဆေးကုသရာတွင်လည်း ဆေးကုသရေးအဖွဲ့ နှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီခဲ့ကြပါသည်။
ကျိုက်ခမီမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အမျိုးသား(၁)ဦးကို သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးသို့ လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများမှ COVID-19 အတည်ပြုလူနာများကို မြို့နယ်ရှိကုသရေးစင်တာများသို့လည်းကောင်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် စက်တင်ဘာလ (၂၀)နှင့် (၂၁)ရက်နေ့တို့တွင် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများ၌ COVID-19 ရောဂါစစ်ဆေးရာတွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ထို့အတူ ပေါင်မြို့နယ်ရှိ COVID-19ရောဂါအထူးကြပ်မတ်ကုသဆောင်တွင် လူနာများလိုအပ်ကို အကူအညီ‌ပေးခြင်းနှင့် ကုသဆောင်သန့်ရှင်း‌ရေးလုပ်ပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

Read More

  21/ Sep/ 2021

ရေကြီးရေလျှံမှုကြောင့် စားသောက်ရေးအခက်အခဲဖြစ်နေသူများကို ကျောက်မဲကြက်ခြေနီက အလှူရှင်များနှင့်အတူ ကူညီထောက်ပံ့

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် နမ့်စောင်းငေါင်းချောင်းရေလျှံပြီး မြို့နယ်အတွင်း ရေများဝင်လာခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရပ်ကွက် (၅) ခုမှ စားသောက်ရေး အဆင်မပြေသော လူဦးရေ (၁၀၀၀)ခန့်အား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အလှူရှင်များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ အစားအစာများနှင့် ရေသန့်များ ဖြန့်ဝေပေးခဲ့ပါသည်။
ထို့အပြင် ရေကြီးမှုတွင် ပိတ်မိနေသော သက်ကြီးရွယ်အိုများအား ကူညီကယ်ဆယ်ပေးပြီး ဆေးကုသမှုခံယူရန်အတွက် ကျောက်မဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Read More

  21/ Sep/ 2021

ရခိုင်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ သွေးတိုး၊ ဆီးချို၊ သွေးချို‌ရောဂါ ကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၂၀)ရက်‌နေ့ကလည်း ပေါက်တောမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သဝင်ချောင်းကျေးရွာ၌ COVID-19 ရောဂါကျန်းမာရေးအသိပညာပေးခြင်းကို ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြပါသည်။
ထို့အပြင် ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရှေ့ နှင့် ဂစ္ဆပသီရိအဝေးပြေးကားဂိတ်တို့တွင် ခရီးသွားပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(၅၀၀)ခုကို ပေးဝေပေးခဲ့ပြီး လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More