|
RMS

  17/ Sep/ 2021

အရေးပေါ်သွေးလိုအပ်နေသော လူနာအတွက် ကျောက်တော်ကြက်ခြေနီက သွေးလှူဒါန်း

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးကိုကိုဌေးသည် အရေးပေါ်သွေးလိုအပ်နေသည့်လူနာ(၁)ဦးအတွက် တိမ်ညိုတိုက်နယ်ဆေးရုံတွင် (AB+)သွေး(၁)လုံးကို လှူဒါန်းခဲ့ပါသည်။

Read More

  16/ Sep/ 2021

ရေစကြိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုကရုဏာအကူအညီများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရေစကြို၊ စက်တင်ဘာလ ၁၆ရက်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေစကြိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာများတွင် COVID 19 ရောဂါကူးစက်မှု တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် လူမှုကရုဏာအကူအညီများအား ရပ်ရွာလူထုအတွက် နေ့စဥ် လုပ်ကိုင်ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်နေ့က ယာယီစျေးနှင့်မြို့ပေါ်ရပ်ကွက်များတွင် COVID 19ရောဂါ အသိ‌ပညာပေးနှိုးဆော်ခြင်း၊ အောက်စီဂျင်ကျလူနာတစ်ဦးအား အသင်းခွဲပိုင်အောက်စီဂျင်အိုးဖြင့်ကူညီပေးခြင်း၊ ကုက္ကိုစုကျေးရွာမှ ကွယ်လွန်သူတစ်ဦးအား မြှပ်နှံသဂြိုလ်ရာတွင် ကူညီလုပ်ကိုင်ပေးခြင်း၊ ဆိုင်ကယ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးခြင်းတို့ကို အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  16/ Sep/ 2021

လူနာများအား ထားဝယ်ကြက်ခြေနီက မြို့နယ်ကြက်ခြေ နီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့်ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့၌ အသက်ရှူကြပ်နေသော လူနာ(၁)ဦးနှင့် လောင်းလုံးမြို့နယ် ကြက်ယက်တွင်းကျေးရွာမှ အစာအိမ်ဝေဒနာခံစားနေရသူ(၁)ဦးတို့ကို ဆေးရုံသို့လည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး OPD Wardမှ ခြေသလုံးရိုးကျိုးလူနာ(၁)ဦးကို ဓါတ်မှန်ဆောင်သို့ လည်းကောင်း၊ COVIDရောဂါကုသပြီး ကျန်းမာလာသူ(၁)ဦးကိုကျေးရွာနေအိမ်သို့ လည်းကောင်း၊ ပခပ်ကျေးရွာ၌ ဆိုင်ကယ်မတော်တဆမှုကြောင့်ဒဏ်ရာရသူ (၂)ဦးကို ဆေးရုံသို့ လည်းကောင်း၊ နေမကောင်းဖြစ်သူ(၁)ဦးကို ကြက်စားပြင်ရပ်‌နေအိမ်မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီခဲ့ပါသည်။
ထို့အတူ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ကညုံရပ်မှလူနာ(၁)ဦးနှင့် ကရပ်ပြင်မြောက်ရပ်မှ အောက်ဆီဂျင်ကျလူနာ(၁)ဦးတို့ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ ပညာရေးကောလိပ် COVIDကုသရေးစင်တာမှ ရောဂါပိုးတွေ့လူနာ(၁)ဦးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ လောင်းလုံးမြို့မှ ကလေးမွေးဖွားပြီး ဆေးရုံဆင်းသူ(၁)ဦးကို နေအိမ်သို့လည်း
ကောင်း အသီးသီး ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  16/ Sep/ 2021

ကြက်ခြေနီလူငယ်များအတွက် “YABC and F4D Facilitator Training” သင်တန်းဖွင့်ပွဲအခမ်းအနားကို online ဖြင့်ပြုလုပ်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)နှင့် Generation Amazing (Qatar Red Crescent) တို့ ပူးပေါင်းဆောင်ရွက်သည့် “YABC and F4D Facilitator Training” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က Online မှတဆင့် ပြုလုပ်ခဲ့ပါသည်။
အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်က “ သင်တန်းသည် လူငယ်မှတဆင့် မတူကွဲပြားသော လူသားများရဲ့ စိတ်ထားနှင့် အပြုအမူကောင်းများ ပြောင်းလဲစေရေးနှင့် ဘောလုံးအားကစားကို အခြေခံပြီး လူငယ်နှင့်ရပ်ရွာ လူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပေါင်းစပ်သင်ကြားပေးမယ့် သင်တန်းဖြစ်လို့ ဒီလိုပေါင်းစပ်ဖွင့်လှစ်တာမျိုးဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အတွက် ပထမဦးဆုံး ဖြစ်ကြောင်း၊ သင်တန်းမှတဆင့် လူငယ်ကြက်ခြေနီများ၊ လူငယ်တိုင်းရင်းသားများနှင့် အမျိုးသမီးငယ်များ၏ လူမှုဘဝပုံစံများကို ပြောင်းလဲမြှင့်တင်ပေးကာ ၎င်းတို့၏ ရပ်ရွာလူထုအတွင်း ပြန်လည်အကျိုးပြုနိုင်စေရန် ရည်ရွယ်ပြီး သင်တန်းသား/သူများရဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုများကလည်း အလွန်အရေးကြီးကြောင်း” စသည်တို့ကို အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ Amjad Saleem (Manager: Inclusion, Protection and Engagement Unit (National Society, Policy and Knowledge Development Department, IFRC) နှင့် Nasser Alkhori (Programmes Director, Generation Amazing) တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ တာဝန်ရှိသူများ၊Generation Amazing (Qatar Red Crescent) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ၊ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသူ/သား လူငယ်ကြက်ခြေနီများ တက်ရောက်ခဲ့ပါသည်။
ယခုသင်တန်းကို “Uniting Through the Power of YABC and Football in Myanmar” စီမံချက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ်များသည် စွမ်းဆောင်ရည်ပြည့်ဝပြီး အနာဂတ် လူမှုကရုဏာလုပ်ငန်းများတွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ကာ နေပြည်တော်/ ရန်ကုန်/ မန္တလေး/ ကရင်/ မွန်/ ရှမ်း စတဲ့ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုတွင် စီမံချက်လုပ်ငန်းအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Read More

  16/ Sep/ 2021

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဇေယျာသီရိမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တပ်ကုန်းမြို့နယ် ၊ ကင်းသာ(၇)မိုင်တွင် ယာဥ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦးတို့ကို ရှေးဦးပြုစုပေးပြီး တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကရုဏာရှင်လူမှုကူညီရေးအသင်း (ပြည်စံအောင်) အရေးပေါ်လူနာတင်ယာဉ် (၂)စီးဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  16/ Sep/ 2021

Project Coordinator

Read More