|
RMS

  13/ Aug/ 2021

တနင်္သာရီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ

၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့ ညပိုင်းက လောင်းလုံးမြို့နယ် ကဘူကျေးရွာတွင် အသက်ရှူကြပ်သော လူနာအားလည်းကောင်း၊ ထားဝယ်မြို့နယ်အိုးလုပ်အနောက်ရပ်တွင် ဆေးမှားသောက်မိသော လူနာအားလည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့အတူ ဩဂုတ်လ(၁၄)ရက်နေ့ကလည်း ထားဝယ်မြို့၌ သတိလစ်နေသော လူနာ(၁)ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပြီး ဘုမ္မော်ရပ် နှင့် တလိုင်းမရပ်တို့တွင် ရောဂါပိုးတွေ့လူနာနေအိမ်(၂)လုံးနှင့် ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းပြီး ကူညီပေးခဲ့ပါသည်။
တနင်္သာရီမြို့နယ်တွင် မြို့အဝင်ရှိ ရောဂါထိန်းချုပ်စစ်ဆေးရေးဂိတ်နှင့် မြို့ပေါ်ရှိကုသရေးစင်တာ(၄)ခုတွင် လူနာများအား သွေးပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းပေးခြင်း၊ အောင်ဆီဂျင်အကူအညီ‌‌ပေးခြင်းနှင့် ပိုးသန့်ဆေးဖြန်းပေးခြင်း၊ အစားအစာ၊ဆေး၀ါးများပို့ဆောင်‌ပေးခြင်း၊ ပိုးတွေ့လူနာပို့ဆောင်ပေးခြင်းတို့အပြင် ရောဂါကြောင့်ကွယ်လွန်သူကိုစနစ်တကျ သယ်ယူပို့ဆောင်‌‌သဂြိုလ်ပေးခြင်းစသည်တို့ကို အကူအညီ‌ပေးနေကြပါသည်။
ထို့အတူ မြိတ်မြို့ရှိ ဖျားနာအခမဲ့ဆေးကုခန်းနှင့်သံဃာဆေးရုံကုသရေးစင်တာတို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကနေ့စဉ်ကူညီဆောင်ရွက်ပေးလျှက်ရှိရာ မြိတ်မြို့ရှိ ကျောင်းကြက်ခြေနီအသင်းဝင်များ ပူးပေါင်း ပါဝင် ကူညီပေးလျှက်ရှိပါသည်။

Read More

  12/ Aug/ 2021

မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းကမ်းပါးတိုက်စားမှုကြောင့် နေအိမ်ရွေ့ပြောင်းသူများကို ကြက်ခြေနီကူညီ

မိုးကုတ်၊ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေနီချောင်း ကမ်းပါးတိုက်စားမှုကြောင့် ဆက်လက်နေထိုင်ရန်အန္တရာယ်ရှိ‌ေသာ ချောင်းအနီးရှိ နေအိမ်(၂)လုံးမှ မိသားစုများပြောင်းရွှေ့ရာတွင် မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် မြို့မအပိုင်း(၄)တွင်လည်း မြေပြိုပြီး နေအိမ်ပြိုကျခဲ့ရာ နေအိမ်အတွင်းနေထိုင်သူများ အနက်(၆)ဦးကို ကူညီကယ်ဆယ်‌ေပးခဲ့ပြီး သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ရာတွင်လည်း ကူညီခဲ့ကြပါသည်။

Read More

  04/ Aug/ 2021

ကျိုက်မရောမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်နှင့် ရေသန့်များ ကြက်ခြေနီထောက်ပံ့

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကွာငန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်အိတ် (၃၅)အိတ်နှင့် ရေသန့် (၃၅၀)ကဒ်တို့ကို ကျိုက်မရောမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထောက်ပံ့ပေးခဲ့ပါသည်။

Read More

  04/ Aug/ 2021

ဆိုင်ကယ်မတော်တဆတိမ်းမှောက် ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ၂၀၂၁ခုနှစ်၊ သြဂုတ်လ( ၄ )ရက်
မိုင်းယု (၁၀၅)မိုင်ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မူဆယ်မြို့နယ်၊ ကုန်သွယ်ရေးဇုန်ယာဉ်ငယ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုန့်ပြန်ရေးနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် အဆိုပါစစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ဆိုင်ကယ်မတော်တဆတိမ်းမှောက်မှု‌ရှိခဲ့ရာ ခြေထောက်ဒဏ်ရာရရှိခဲ့သူအမျိုးသားကို ရှေးဦးပြုစု‌နည်းဖြင့် ပြုစုပေးခဲ့ကြပါတယ်။

Read More

  03/ Aug/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာသည်အမျှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတစ်ဝှမ်း တိုးမြင့်ဆောင်ရွက်လာကြပါတယ်။
ရောဂါကာကွယ်ဖို့အတွက်
၁။ အတတ်နိုင်ဆုံး မိမိအိမ်တွင်သာ နေထိုင်ခြင်း။
၂။ မဖြစ်မနေအိမ်ပြင်ထွက်ပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း။
၃။ လူစည်ကားရာနေရာများသွားခြင်းကို ရှောင်ကြဉ်ခြင်း။
၄။ လက်ကိုမကြာခဏ စနစ်တကျဆေးကြောခြင်းတွေကို အဓိကလုပ်ဆောင်ဖို့ လိုပါမယ်။
ကျွန်ုပ်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအထိ ရောဂါကာကွယ်ရေးလိုက်နာဆောင်ရွက်ရမယ့်လမ်းညွှန်ချက်များကို သတိပေးနှိုးဆော်ပေးကြသလို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များပေးဝေခြင်း၊ ကွာရင်တင်းစင်တာများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို လိုအပ်သည့် အကူအညီများပေးခြင်းနှင့် အစားအစာအသောက်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါတယ်။

Read More