|
RMS

  02/ Aug/ 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေး ကူညီဆောင်ရွက်နေမှုများ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာလာထုတ်ကြသော အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
ထို့အတူ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့တွင် ပိုးသတ်ဆေးဖြန်းခြင်းကို ကူညီဆောင်ရွက်ခဲ့ကြပြီး အောက်စီဂျင်အရေးပေါ်လိုအပ်နေသည့် လူနာများအတွက် အကူအညီပေးခဲ့ကြပါသည်။
ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် ရောဂါပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့လည်းကောင်း၊ သံသယလူနာများအား ရောဂါစစ်ဆေးရာနေရာများသို့လည်းကောင်း ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အပြင် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင်လည်း ကူညီခဲ့ကြပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအားအလှူရှင်မှလှူဒါန်းသော ဆန်နှင့် ကြက်ဥတို့ကို ဝိုင်းဝန်းကူညီလှူဒါန်းပေးခဲ့ကြပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးထားသည့် ရောဂါကာကွယ်ရေးပစ္စည်းများကို ဥတ္တခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုးနှင့် တာဝန်ရှိသူများက မြို့နယ်အသင်းခွဲများသို့ ဆက်လက်ပေးအပ်ခဲ့ပါသည်။
တပ်ကုန်းမြို့နယ် ကိုဗစ်-၁၉ ကုသရေးစင်တာ၌ ကူညီနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဥတ္တခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ဥနှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးခဲ့ပါသည်။
ယခုကဲ့သို့ ရောဂါကာကွယ်‌ရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီပေးနေကြတဲ့ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကြက်ခြေနီ‌စေတနာလုပ်အားရှင်များကို အားပေးဂုဏ်ပြုအပ်ပါသည်။

Read More

  01/ Aug/ 2021

မန္တလေးတိုင်းဒေသကြီး၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေး ကူညီဆောင်ရွက်နေမှုများ

မန္တလေးတိုင်း‌ဒေသကြီး အမရပူရမြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်အရေးပေါ်လိုအပ်နေသော လူနာများအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်များက တတ်စွမ်းသမျှ ကူညီဆောင်ရွက်‌ပေးလျှက်ရှိပါသည်။
ထို့အတူ နဒီမြန်မာဟိုတယ် ကိုဗစ်စင်တာတွင် အောက်စီဂျင်တိုင်းခြင်း၊ ရောဂါစစ်ဆေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ ရောဂါပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်နေပါသည်။
ထို့အပြင် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ရောဂါကာကွယ်ရေး အသိပညာပေးလမ်းညွှန်ချက်များအား နှိုးဆော်တိုက်တွန်းခြင်းတို့ကို နေရာအနှံ့ ဆောင်ရွက်လျှက်ရှိပါသည်။
မိတ္ထီလာမြို့တွင် ကားဂိတ်များ၌ ခရီးသည်များကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ရောဂါစစ်ဆေးရာတွင်ကူညီခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် အလုပ်သမားဆေးရုံကြီးတို့တွင် အလှူရှင်များလှူဒါန်းသော ဆန်ပြုတ်များကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ယခုကဲ့သို့ ရောဂါကာကွယ်‌ရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီပေးနေကြတဲ့ မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီတနာလုပ်အားရှင်များကို အားပေးဂုဏ်ပြုအပ်ပါသည်။

Read More

  31/ Jul/ 2021

#COVID19 #StaySafe

နှာခေါင်းစည်းအမြဲဝတ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကို လျော့ချလိုက်ရအောင်။
ပူးပေါင်းပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Read More

  30/ Jul/ 2021

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေး ကူညီဆောင်ရွက်နေမှုများ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်
ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက်လျှက်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ကြက်ခြေနီ‌စေတနာလုပ်အားရှင်များကကူညီဆောင်ရွက်လျှက်ရှိပါသည်။
“ ပိုလျှင်လှူ လိုလျှင်ယူ “ ဟူသော နှာခေါင်းစည်းစနစ်တကျဝတ်ဆင်ခြင်း လှုပ်ရှားမှုများပြုလုပ်၍ နှာခေါင်းစည်းများ ပေးဝေလျှက်ရှိသည့်အပြင် ရောဂါသံသယဖြင့် မိမိအိမ်တွင်သာ နေရသူများအတွက်လည်း လိုအပ်သည့်ဆေးဝါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြပါသည်။
ကလောမြို့တွင် မြို့အဝင်ဂိတ်များ၌ ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ရောဂါစစ်ဆေးရာတွင် ကူညီခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
ထို့အပြင် ရောဂါပိုးတွေ့လူနာများအား ကုသရေးစင်တာများသို့ ကူညီပို့ဆောင်ပေးခြင်း၊ ဆေးကုသမှုခံယူပြီးသူများအား နေအိမ်များသို့ ပို့ဆောင်ပေးခြင်းတို့ကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့‌ဆောင်ပေးလျှက်ရှိပါသည်။
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရောဂါစစ်ဆေးသည့်နေရာ၌ စစ်ဆေးခံမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးနေကြပါသည်။
ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက်လည်း လူနာနေအိမ်များ၊ လမ်းများနှင့် ကုသရေးစင်တာများ၌ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး အရေးပေါ်လိုအပ်သော အောက်စီဂျင်အိုးများရရှိရန် တတ်စွမ်းသမျှ ချိတ်ဆက်ရှာ‌ဖွေ ကူညီပို့ဆောင်ပေးလျှက်ရှိပါသည်။
ရပ်စောက်မြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများအတွက် အစားအစာများကို မြို့နယ်ကြက်ခြေနီအသင်းခွဲက လှူဒါန်းပေးခဲ့ပါသည်။
ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို မိမိမှစ၍ လိုက်နာသည့်အ‌နေဖြင့် ယခုကာလအတွင်း သီးခြားနေထိုင်ကာ ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ယခုကဲ့သို့ ရောဂါကာကွယ်‌ရေးလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ကူညီပေးနေကြတဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီတနာလုပ်အားရှင်များကို အားပေးဂုဏ်ပြုအပ်ပါသည်။

Read More

  27/ Jul/ 2021

ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်အိမ်ထောင်စုများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီက ပူးပေါင်းကူညီ

မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ တောင်ကျရေစီးဆင်းမှုများကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဇူလိုင်လ (၂၆) ရက်နှင့် (၂၇) ရက်နေ့များက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါတယ်။
အဆိုပါနေရာများမှာ ဆက်လက်နေထိုင်ဖို့အဆင်မပြေတဲ့ အိမ်ထောင်စု (၉၇) စုကို ယာယီပြောင်းရွှေ့နေထိုင်မည့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ရာတွင် မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင်လှေဖြင့် ကြက်ခြေနီများက ပါဝင်ကူညီပေးခဲ့ပြီး အလှူရှင်များလှူဒါန်းသော ထမင်းထုပ်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများကို ရေဘေးဒဏ်ခံစားရသူ (၃၇၉) ဦးကို ပေးဝေခဲ့ပါတယ်။
မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅)ဦးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

Read More

  16/ Jul/ 2021

Operation Manager

Read More