|
RMS

  18/ Apr/ 2021

သတိလစ်နေ‌ေသာလူနာကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ ဥဿရံရပ် ကမြောကင်းလမ်းမှ သတိလစ်နေသော လူနာတစ်ဦးကို ရှေးဦးပြုစုပေးပြီး မြို့နယ်အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ထို့အတူ ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်မှ အရေးပေါ်ကလေးမွေးဖွားမည့် ကိုယ်ဝန်ဆောင်တစ်ဦးကိုလည်း နေအိမ်မှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  17/ Apr/ 2021

သက်ကြီးဘိုးဘွားများပူဇော်ပွဲ၌ ကြက်ခြေနီက ကျန်းမာရေးစောင့်ရှောက်မှုပေး

၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ငါးလွှတ်ပွဲတို့တွင် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၄)ဦးတို့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။  

Read More

  16/ Apr/ 2021

အင်းစိန်၌ ယာဉ်မတော်တဆဖြစ် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီ ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၆)ရက်ညပိုင်းကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမပေါ်၌ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဒဏ်ရာရရှိသူကို ရှေးဦးပြုစုပေးပြီး မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၁၇)ရက် နေ့လည်ပိုင်းကလည်း အင်းစိန်မြို့နယ်စျေးကြီးရှေ့၌ ယာဥ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို ရှေးဦးပြုစုပေးပြီး မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  16/ Apr/ 2021

အရေးပေါ်ကလေးမွေးမည့် ကိုယ်ဝန်ဆောင်များကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့ညပိုင်းတွင်တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ကြက်စားပြင်ရပ်မှ ကိုယ်ဝန်‌ဆောင်အမျိုးသမီးအား အရေးပေါ်ကလေးမွေးဖွားရန်
နေအိမ်မှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းကလည်းထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာမှကိုယ်ဝန်‌ဆောင်အမျိုးသမီးတစ်ဦးကို အရေးပေါ် ကလေးမွေးဖွားရန် နေအိမ်မှ ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  16/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်ခမီမှ ကျောက်ကပ်လူနာအား ကြက်‌ေခြနီစေတနာလုပ်အားရှင်(၃)ဦးက ကျိုက်ခမီကြက်‌ေခြနီအသင်းခွဲငယ်ပိုင် လူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ မော်လမြိုင်မြို့၊ စမ်းမြသီတာရပ်ကွက်တွင်လည်း သွေးအန်သောလူနာကို ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးက ရှေးဦးပြုစု‌ေပးပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် မော်လမြိုင်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  16/ Apr/ 2021

နှလုံးရောဂါခံစားရသူ အဖွားအိုကို ကြက်ခြေနီက ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှ နှလုံးရောဂါခံစားနေရသော အဖွားအိုတစ်ဦးကို ကြက်ခြေနီ‌ေစတနာလုပ်အားရှင်(၄)ဦးတို့က မြို့နယ်အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။  

Read More

  15/ Apr/ 2021

နေပြည်တော်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်းစခန်းများဖွင့်

ပြည်ထောင်စုနယ်မြေနေပြည်တော်မှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှေးဦးပြုစုခြင်းစခန်းများဖွင့်လှစ်‌ပြီး‌အကူအညီ‌ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့တွင် ဆိုင်ကယ်မ​တော်တဆဖြစ်ပြီးထိခိုက်ဒဏ်ရာရသူ(၂) ဦးနှင့် ဧပြီလ(၁၆)ရက်နေ့တွင် ဆိုင်ကယ် မ​တော်တဆဖြစ်ပြီးထိခိုက်ဒဏ်ရာရသူ(၃)ဦးတို့အား ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ကူညီ​ပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  15/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ညပိုင်းတွင်
မွန်ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းကားဝင်း၌ ဆိုင်ကယ်ပေါ်မှပြုတ်ကျပြီး နဖူးနှင့် နှုတ်ခမ်းကွဲသွားသည့်လူနာအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့က ရှေးဦးပြုစု
‌ေပးပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် နေအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ယာဉ်မတော်တဆဖြစ်ပြီး ညှပ်ရိုးကျိုးသောလူနာကိုလည်း ကျိုက်ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးက ရှေးဦးပြုစုပေးပြီး ကျိုက်ခမီအသင်းခွဲငယ်ပိုင် လူနာတင်ယာဥ်ဖြင့် ကျိုက်ခမီတိုက်နယ်ဆေးရုံမှ မော်လမြိုင်ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  15/ Apr/ 2021

မြွေကိုက်ခံရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့က မွန်ပြည်နယ်မုဒုံမြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် မြို့မ(၁)ရပ်ကွက် မှ မြွေကိုက်ခံရသည့်လူနာတစ်ဦးကို ရှေးဦးပြုစုနည်းဖြင့် ပြုစု‌ေပးပြီး မြို့နယ်အသင်းခွဲပိုင် လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More