|
RMS

ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID 19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင်ပါဝင်

  12/ Feb/ 2020

ကျောက်တံခါး၊ ဖေဖော်ဝါရီလ ၁၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးကျော်ဝင်းအောင် နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်၂၅ဦးတို့သည် ပြည်သူ့ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်တံခါး‌ဈေးနှင့် ကားဂိတ်များတွင် ဈေးသား/သူများ၊ဈေးဝယ်နေကြသောပြည်သူများနှင့် ခရီသွားပြည်သူများအား COVID 19 ဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။