|
RMS

ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

  13/ Mar/ 2020

ကရင်ပြည်နယ်၊ မတ်လ ၁၃

၂၀၂၀ပြည့်နှစ် မတ်လ ၁၃ရက်နေ့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ခွဲမှူးဒေါ်အေးအေးဝင်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးသည် ဘုရားသုံးဆူမြို့အတွင်းရှိ မြို့မဈေးအတွင်း လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း တို့ကို ကျေးလက်ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။