|
RMS

နေရပ်ပြန်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်ပေး

  02/ Jan/ 2021

တောင်ကြီး၊ ဇန်နဝါရီလ ၂

တာချီလိတ်မြို့နှင့် မြဝတီမြို့တို့မှတဆင့် ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တောင်ကြီးစီးပွားရေးဇုံကားကွင်းသို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အမည်စာရင်းများ မှတ်တမ်းသွင်းပေးခြင်း၊ သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်သွားရောက်လိုသူများအား စီးနင်းရမည့်ကားများညွှန်းပို့ပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။