|
RMS

လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

  12/ Oct/ 2020

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ရန် မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၁ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့ကြပါသည်။

ယင်းအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19ကု သရေးစင်တာဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း
အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာလင်းလင်းသက်တို့က
ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဒေါ်လေးလေးခက် ဦးဆောင်သည့် မွန်ပြည်နယ်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၁ ဦးတို့သည် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊COVID-19 ကုသရေးစင်တာတွင် နိုဝင်ဘာလ ၁ရက်နေ့အထိ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။