|
RMS

သံတောင်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူများအား ကြက်ခြေနီက COVID-19 ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

  16/ Jul/ 2020

သံတောင်ကြီး၊ ဇူလိုင် ၁၆

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၁၄နှင့် ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်ကျောင်းအပ်နှံလျက်ရှိသည့် ကျောင်းသား/သူများနှင့် မိဘများ၊ ဆရာ/ဆရာမများကို COVID-19 ရောဂါကာကွယ်ရေးအဖြစ် စနစ်တကျလက်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ၊ COVID-19 ရောဂါအသိပညာပေးခြင်းများကို သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၇)ဦးတို့က ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။