|
RMS

  20/ Nov/ 2020

အသွားအလာကန့်သတ်စောင့်ကြပ်ရေးစင်တာမှာ ညဘက်တွေ ကူညီလုပ်ကိုင်နေရတဲ့အချိန် အတူကူညီလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာလုပ်အားရှင် က လာရောက်အားပေးတဲ့အချိန်ဆို ပျော်ရွှင်အားတက်မိပါတယ်။

ရောဂါကာကွယ်ရေးအတွက် ရှေ့တန်းကနေဆောင်ရွက်နေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ညစဉ်ညတိုင်း အချင်းချင်းကူညီစောင့်ရှောက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။