|
RMS

  11/ Nov/ 2020

ပဲခူးတိုင်းဒေသကြီးအတွင်းက ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်စိုက်ရွက်လျက်ရှိကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ ရပ်ရွာလူထုအား ရောဂါအကြောင်းပိုမိုသိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးများဆောင်ရွက်နိုင်ဖို့နဲ့ ကူးစက်မှုမဖြစ်ပွားစေဖို့ အသိပညာပေးဆောင်ရွက်ကြသလို ရောဂါပိုးကူးစက်ခြင်းခံရသူတွေကိုလည်း နေအိမ်များအသီးသီးမှ ရောဂါကုသရေးစင်တာတွေကိုပို့ဆောင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီဆောင်ရွက်ပေးလျက်ရှိနေတာကို တွေ့မြင်ရပါတယ်။

🔥🔥 နိုဝင်ဘာလ ၁၁ရက်နေ့က ပဲခူးမြို့ မဇင်းရပ်ကွက်အပိုင် အလယ်ကုန်း၊ အိုးလေးစု ၃လမ်း၊ ၄လမ်း၊ ပြည်တော်သာ အလယ်ကုန်းတို့မှ ပိုးတွေ့လူနာများနဲ့ ဆက်စပ်လူနာ နေအိမ် ပတ်ဝန်းကျင်များကို ဆေးဖြန်းခြင်းတို့ဆောင်ရွက်ရာမှာလည်း ဌာနဆိုင်ရာများက အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့အတူ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြတယ်။