|
RMS

  15/ Nov/ 2020

သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်၁၉ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ရောဂါကာကွယ်ရေးအတွက် ရပ်ရွာလူထုကို အသိပညာပေး​လုပ်ငန်းတွေ စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေပါတယ်။ အဲ့ဒီအပြင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာလည်း အစားအသောက်နဲ့နေရာထိုင်ခင်းပြင်ဆင်ပေးတာတွေ၊ ပိုးသတ်ဆေးဖျန်းတဲ့လုပ်ငန်းတွေနဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်(Swab) ယူတဲ့အခါတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
အခုလို ကိုဗစ် ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေ့ရောညပါ ဆောင်ရွက်နေကြတဲ့ မြန်မာတစ်နိုင်ငံလုံးက ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ သာကေတမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များကို ယခုပို့စ်နဲ့အတူ အားပေးဂုဏ်ပြုလိုက်ရပါတယ်။