|
RMS

ဘေးအန္တရာယ်၏ သက်ရောက်မှုများကို လျှော့ချရန် ပြင်ဆင်ထားရမည့်အရာများ

  13/ May/ 2023

ဆိုင်ကလုန်း Mocha သည် ယခုသီတင်းပတ်ကုန်တွင် ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဘေးအန္တရာယ်၏ သက်ရောက်မှုများကို လျှော့ချရန် သင့်အနေဖြင့် အောက်ဖော်ပြပါအချက်အလက်များကို ပြင်ဆင်ထားနိုင်ပါသည်။
ဤသတင်းစကားအား သင်၏ ရပ်ရွာအသိုင်းအဝိုင်းများ၊ ချစ်ခင်ရသူများနှင့် မျှဝေပါ။
ကြိုတင်ပြင်ဆင်ခြင်း။
ကြိုတင်ပြင်ဆင်မှုရှိထားခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝ ဘေးအန္တရာယ်၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန်အတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ထားရန် အရေးကြီးပြီး ယခုပင်ပြင်ဆင်ထားပါ။
စွန့်ခွာခြင်း
• အစီအစဥ်ချမှတ်ထားပြီး လေ့ကျင့်ထားပါ။ စွန့်ခွာမည် (သို့) ဆက်လက်နေမည်ကို စောစီးစွာ ဆုံးဖြတ်ထားပါ။
• စွန့်ခွာမည့်လမ်းကြောင်းအား လုံခြုံစိတ်ချမှုရှိစေရန် ကြိုတင်ပြင်ဆင်ပါ။
• စွန့််ခွာလျှင် မည်သည့်နေရာကိုသွားရမည်ကို သိထားပါ။ မည်သည့်ယာဥ်အမျိုးအစားကို အသုံးပြုရမည်ကိုသိထားပါ။
အထုပ်အပိုးများထုပ်ပိုးခြင်း
• သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်မီ ရေလုံသည့်အိတ် တစ်ခုအား ပြင်ဆင်ထားပါ။
• ယင်းအိတ်အား သယ်ပိုးရလွယ်ကူစေရန် ဆောင်ရွက်ထားပါ။
• ယင်းအိတ်တွင်ပါဝင်သင့်သည့်ပစ္စည်းများ – ဆေးဝါးများ၊ အဝတ်အစားနှင့် ဖိနပ်အပို၊ ဓာတ်ခဲများ၊ လက်နှိပ်ဓာတ်မီးနှင့် မီးခြစ်များ၊ အခြေခံအစားအစာများ၊ နိုင်ငံသားမှတ်ပုံတင်နှင့် အရေးကြီး စာရွက်စာတမ်းများ၊ လုံလောက်သည့်သောက်သုံးရေ
ဆက်သွယ်ရေး
• စွန့်ခွာလျှင် မည်သည့်နေရာကို မည်ကဲ့သို့ သွားမည်ကို သိထားပါ။
• မူလနေရာကို စွန့်ခွာ၍ သွားရောက်မည့်နေရာကို မိသားစု ဆွေမျိုးများအား အသိပေးထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် မိသားစုဆွေမျိုးများကို မည်သို့ဆက်သွယ်ရမည်ကို သိရှိထားပါ။
• ဘေးအန္တရာယ်ပြီးဆုံးသည့်နောက် သင့်အခြေအနေကို မည်သူအား မည်သို့အကြောင်းကြားရမည်ကို သိရှိထားပါ။
• ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်ကို မည်သည့်နေရာတွင် ရှာဖွေရမည်ကို သိရှိထားပါ။
Credit to ICRC