|
RMS

ကျိုက်မရောမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ  ကျိုက်မရောမြို့နယ် ရပ်ကွက်များများရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ရေသိုလှောင်ကန်များတွင် အဘိတ်ဆေးထည့်ခြင်း၊ ခြင်ကျားလောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်

  07/ Jun/ 2021

ယခုလ (၅) ရက်နေ့က ကျိုက်မရောမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များဟာ ကျိုက်မရောမြို့နယ် ရပ်ကွက်များများရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ရေသိုလှောင်ကန်များတွင် အဘိတ်ဆေးထည့်ခြင်း၊ ခြင်ကျားလောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသော နေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီ၌ အများဆုံးဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း (၄၁၂၁) ဦး၊ သေဆုံးသူပေါင်း (၃၂) ဦးရှိခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ဟာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံး ဒေသများဖြစ်ကြောင်း သိရပါတယ်။
အများပြည်သူများအနေဖြင့် နေအိမ်နှင့် ပတ်ဝန်းကျင်များတွင် ရက်သတ္တပတ် တစ်ပတ်လျှင် (၁) ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက်လမ်းပေါက်ဖွားမှု လုံးဝမရှိအောင် ရေများကို “ဖုံး၊သွန်၊လဲ၊စစ်” ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင်ကာကွယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။