|
RMS

ကြက်ခြေနီက ထားဝယ်တွင် လူနာများကို ဆေးရုံသို့ ကူညီပို့ပေး

  03/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ ညပိုင်းက
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်မှ အသက်ရှူကြပ်သည့် လူနာတစ်ဦးကိုနေအိမ်မှ ဆေးရုံသို့ ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။
ထို့အတူ မေလ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်လည်း အိုးလုပ်(အနောက်)ရပ်မှ တက်နေသည့် ကလေးငယ်တစ်ဦးကို နေအိမ် မှ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။