|
RMS

ဆင်ဖြူကျွန်းတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှု ခံစားရသည့် ရေဘေးသင့်ပြည်သူများကို ကြက်ခြေနီက ကူညီ

  14/ May/ 2023

ဆင်ဖြူကျွန်း၊ ၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် မေလ(၁၄)ရက် ယနေ့ ညနေပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း ချောင်းရေများ ဝင်ရောက်ခဲ့ရာ ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။