|
RMS

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်း

  16/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၁၆)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လာရောက် လှူ‌ဒါန်းလျက်ရှိပါသည်။
မေလ(၁၆)ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲတွင် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့က အလှူငွေ ကျပ် ၇၀၀,၀၀ဝိ/ကိုလည်းကောင်း၊ ဦးဘုန်းဝင်းနှင့် ဒေါ်ဝင်းဝင်းအိ မိသားစု(မြိတ်မြို့နယ်)က အလှူငွေ ကျပ် ၆,၅၀၀,၀၀ဝိ/ကျပ် ကိုလည်းကောင်း လာရောက် လှူဒါန်းကြရာ အရင်းအမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။