|
RMS

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲကျင်းပ

  16/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ (၁၆)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှု ဖြစ်ပွားခဲ့သည့် ဒေသများတွင် တုံ့ပြန်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် Moattama Gas Transportation Co.,Ltd (ရတနာစီမံကိန်း)မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ လာရောက်လှူဒါန်းသည့် အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေလ(၁၆)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက် စကား
ပြောကြားခဲ့ပါသည်။ ထို့နောက် Moattama Gas Transportation Co.,Ltd (ရတနာစီမံကိန်း)မှ Asset Manager ဦးစိုးသောင်းမြင့်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားကာ အလှူငွေ USD 30,000 လှူဒါန်းသည့် သဘောတူစာချုပ်ကို အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီး အသင်းဥက္ကဌ က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်အလုပ်
အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အထွေ
ထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ အလှူရှင်များ ဖြစ်ကြသည့် Moattama Gas Transportation Co.,Ltd (ရတနာစီမံကိန်း)မှ Interface Leader ဦးအောင်နိုင်နှင့် CSR Managerဒေါ်နုနုဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။
Moattama Gas Transportation Co.,Ltd (ရတနာစီမံကိန်း)သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသည့် လူမှုကရုဏာလုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ်တွင်USD 20,000၊ ၂၀၁၉ ခုနှစ်တွင် USD 20,000၊ ၂၀၂၀ ခုနှစ်တွင် USD 20,000နှင့် ကိုဗစ် ၁၉ ရောဂါ တုံ့ပြန်ရေးအတွက် USD 50,000 စုစုပေါင်း USD 110,000 ကို လှူဒါန်းခဲ့ပြီး ယခုတဖန် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှု ဖြစ်ပွားခဲ့သည့် ဒေသများ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် USD 30,000 ကို ထပ်မံလှူဒါန်းခြင်းဖြစ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များ
ကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာ
နိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။