|
RMS

နေပြည်တော်တွင် အသင်းခွဲခေါင်းဆောင်များအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်

  28/ Dec/ 2020

နေပြည်တော်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အသင်းခွဲခေါင်းဆောင်များအတွက်စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က onlineဖြင့် ပြုလုပ်ခဲ့ရာ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး‌ေဒါက်တာလင်းလင်းသက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။

သင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊အတွင်းရေးမှူး ဦးမိုးကျော်နှင့် သင်တန်းနည်းပြများ၊ ခရိုင်/မြို့နယ်များမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ(၃) ရက်တာ ကြာမြင့်မည့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါသည်။