|
RMS

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ကူညီဆောင်ရွက်မှုများ

  02/ Oct/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဇေယျာသီရိမြို့နယ်၌ ဆိုင်ကယ်မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာရလူနာ (၁)ဦးကို ရှေးဦးပြုစုပေးပြီး နေပြည်တော်ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) သို့ ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ပုဗ္ဗသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်လည်း ပုဗ္ဗသီရိမြို့နယ်၌ COVID-19ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ လိုအပ်သည်များကို နေ့စဥ်ကူညီပေးလျှက်ရှိပါသည်။
စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း လယ်ဝေးမြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် အစာအိမ်သွေးကြောပေါက်လူနာအတွက် အရေးပေါ်သွေးလိုအပ်နေကြောင်း အကူအညီတောင်းခံသဖြင့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလှူရှင်ရှာ‌ဖွေပြီး နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်လိုအပ်နေသည့် (B)သွေး(၁)လုံးကို လှူဒါန်းနိုင်ရန် ကူညီခဲ့ပါသည်။