|
RMS

နေပြည်တော် လယ်ဝေးတွင် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီမှ ​ထောက်ပံ့ပစ္စည်းများပေးအပ်

  08/ Aug/ 2020

လယ်ဝေး၊ ဩဂုတ် ၈

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် နေအိမ်၇လုံး ရေဘေးသင့်ကာပျက်စီးဆုံးရှုံးခဲ့ရသည်။ ဩဂုတ်လ ၈ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကာ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမိုးအကာဆောက်လုပ်ရေးသုံးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။