|
RMS

ဖားကန့်တွင် ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီက ကူညီဆောင်ရွက်လျက်ရှိ

  27/ Dec/ 2020

ဖားကန့်၊ ဒီဇင်ဘာ ၂၇

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မော်ဝမ်းလေး/မော်ဝမ်းကြီးမှော် ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေပြိုကျမှုကြောင့် ကျောက်တူးနေသူ (၅) ဦး ရေကန်ထဲပြုတ်ကျသွားခဲ့ရာ (၁)ဦးဒဏ်ရာရရှိခဲ့ပြီး (၄) ဦး ပျောက်ဆုံးခဲ့မှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ပျောက်ဆုံးသူများကို ရှာဖွေကူညီကယ်ဆယ်ရန်အတွက် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဖားကန့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အချိန်နှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးနေသူ(၃)ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပါသည်။ ကျန်ရှိသူ (၁) ဦးကို ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ပါသည်။