|
RMS

Auto Draft

  23/ Mar/ 2018

အမ်း၊ မတ်လ

မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြိ့နယ်ကြက်ခြေနီအသင်းခွဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ပြောင်းရွေ့လာသော သက် တိုင်းရင်းသားလူမျိုးများအား ထောက်ပံ့ပစွည်းများ ပေးအပ်ပွဲကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကိုးကန်တန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ပုဏ္ဏားဝအုပ်စု၊ ကိုးကန်တန်းကျေးရွာသို့ ပြောင်းရွေ့လာသော ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ သက် တိုင်းရင်းသားလူမျိုး စုစုပေါင်း အိမ်ထောင်စု (၁၉) စု၊ လူဦးရေ(၈၄)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစွည်းများနှင့် အများပြည်သူများ၏ ထောက်ပံ့ငွေနှင့် လှူဒါန်းပစ္စည်းများကို ၂၀၁၈ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ အမ်းမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးဦးကိုကိုမြတ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသာညွန့်နှင့် အဖွဲ့ဝင် ဦးစိုးစံ၊ အမ်းမြို့နာရေးကူညီမှုအသင်း နာယကနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်မင်းမင်းဖြိုးနှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ထောက်ပံ့ပစွည်းများ တက်ရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

Credit; အမ်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့