|
RMS

ဘောလုံးအားကစားအခြေပြု လူငယ်နှင့်ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို ထားဝယ်မြို့နယ်တွင် ဖွင့်လှစ်

  24/ Jan/ 2022

ဘောလုံးအားကစားအခြေပြု လူငယ်နှင့်ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီးမှ လူငယ်ကြက်ခြေနီများအတွက် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမတွင် ယနေ့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းတပ်ဖွဲ့မှူး၊ အသင်းဌာနချုပ် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူများ၊ ဘောလုံးနည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဘောလုံးအားကစားကို အခြေခံပြီး ဘဝတစ်သက်တာ ကျွမ်းကျင်စရာ (Life Skills) အသိပညာများကို လူထုအတွင်းဖြန့်ဝေပေးနိုင်ရန်၊ စွမ်းဆောင်ရည်များမြှင့်တက်လာပြီး လူငယ်မှ လူငယ်သို့ လှုံ့ဆော်ဖလှယ်ရန်၊ အပြုသဘောဆောင်သော ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာစေရန်၊ ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှုတွင် အတွေ့အကြုံကောင်းများရရှိပြီး စံနမူနာပြ လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်ဘောလုံးနည်းပြ လက်တွေ့သင်တန်းကို ဆွေးနွေးပို့ချခြင်းဖြစ်သည်။
သင်တန်းကို ဇန်နဝါရီလ (၂၄) ရက်နေ့မှ (၂၇)ရက်နေ့အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့မှ လူငယ်ကြက်ခြေနီ (၃၂)ဦးတက်ရောက်ကြမည် ဖြစ်ပါသည်။