|
RMS

မရမ်းကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

  09/ Aug/ 2020

မရမ်းကုန်း၊ ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဖြစ် ခြင်များမခိုအောင်းနိုင်စေရန် မြက်ရိတ်စက်ဖြင့် ချုံနွယ်ရှင်းလင်းပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်များမရှိရန်ရှင်းလင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းများအပြင် အသိပညာပေးဗွီနိုင်းများကပ်ခြင်းတို့ကို မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကျောင်းကြက်ခြေနီကျောင်းသူ/သားများ စုစုပေါင်းအင်အား(၂၀)ဦးဖြင့်၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်က ဆောင်ရွက်ခဲ့ပါသည်။