|
RMS

မုန်တိုင်း​ရှောင်အိမ်ထောင်စုများအားရွေ့ပြောင်းကူညီ

  13/ May/ 2023

မြောက်ဦး၊ ၂၀၂၃ခုနှစ်၊ မေလ(၁၃)ရက်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့မေလ(၁၃) ရက်နေ့ နံနက်ပိုင်းက ဘာညိုကျေးရွာအုပ်စု၊ မညင်းချောင်းကျေးရွာ၊ တောဘွေကျေးရွာ၊ ဝက်ခမောက်ကျေးရွာတို့မှ မုန်တိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုများအား ဘေးလွတ်ရာ သျှစ်သောင်းဘုန်းတော်ကြီးကျောင်းသို့ မြောက်ဦးမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွေ့ပြောင်းပေးခဲ့ပါသည်။