|
RMS

ရခိုင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကူညီဆောင်ရွက်ချက်များ

  11/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အသိပေးချက်ရရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအတွက် ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) နှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား မြို့နယ်များ၊ ကျေးရွာများတွင် လိုက်လံဆော်ဪခြင်း၊ မုန်တိုင်းအန္တရာယ် အသိပညာပေးပိုစတာများ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှ စတင်ကာ မြို့နယ် (၁၃) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၆၉) ဦးတို့သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက်
– ယာယီခိုလုံရေးစခန်း (၆၆) ခုသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း
– ရေနှင့်စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း
– မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့်
– ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို
ကူညီဆောင်ရွက်လျှက်ရှိပါသည်။
ထို့အပြင် မောင်တောမြို့နယ်ပြည်သူ့ဆေးရုံမှ လူနာများနှင့် ဆေးဝါးများကို ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်လွတ်ကင်းနိုင်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။