|
RMS

ရပ်စောက်တွင် ယာဉ်တိမ်းမှောက်ရာ ဒဏ်ရာရလူနာများအား ဆေးရုံသို့ ကြက်ခြေနီပို့ဆောင်ပေး

  08/ Aug/ 2020

ရပ်စောက်၊ ဩဂုတ်လ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်၊ ပစောက်ကွေ့တံတားအနီးရှိချောက်အတွင်း ကုန်တင်ယာဉ်တစ်စီး ကျဆင်းတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဒဏ်ရာရသူ (၃)ဦးအား ချောက်အတွင်းဆင်းသယ်ယူခြင်းနှင့် ရပ်စောက်ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးကျော်မြင့်သိန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ဦးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၈ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။