|
RMS

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  17/ Mar/ 2021

“ကျွန်မတို့ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ စေတနာလုပ်အားရှင် (၄၅) ဦးက မိုးကုတ်မြို့ပေါ်မှာ ရှေးဦးပြုစုခြင်းစခန်း (၂) ခု၊ မိုးကုတ်အနောက်ပိုင်း ကြပ်ပြင်မှာ (၁) ခု စုစုပေါင်း ရှေးဦးပြုစုခြင်းစခန်း (၃) ခုဖွင့်ပြီး ထိခိုက် ဒဏ်ရာရသူ‌တွေကို ရှေးဦးပြုစုပေးခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မတို့ ကြက်ခြေနီတပ်ဖွဲ့ ကားတစ်စီးနဲ့ လိုအပ်တဲ့နေရာတွေကို ရွေ့လျားရှေးဦးပြုစုခြင်းပေးခြင်းကိုလည်း လိုက်လံဆောင်ရွက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ရီလကနေ ယနေ့အချိန်အထိ ကျွန်မတို့အနေနဲ့ ထိခိုက်ဒဏ်ရာရသူ (၄၀) ကျော်ကို ကူညီပေးခဲ့ပါတယ်။ ဒီအထဲမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာရတဲ့သူ၊ သတိလစ် မူးမေ့လဲသွားတဲ့သူ၊ ဆိုင်ကယ် accidents ကြောင့် ဒဏ်ရာရတဲ့သူ၊ ရာဘာကျည် ထိမှန်ဒဏ်ရာရတဲ့သူ စတဲ့ထိခိုက်ဒဏ်ရာရသူတွေကို ကျွန်မတို့ကြက်‌ခြေနီအဖွဲ့က ရှေးဦးပြုစုပေးပြီး လိုအပ်ရင် အိမ်အရောက် ကြက်ခြေနီကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အချို့ ဆိုင်ကယ်မှောက်လို့ ချုပ်ရတဲ့ ဒဏ်ရာလိုမျိုး ဆရာဝန်လိုအပ်တဲ့အခါမှာဆို လက်ရှိဖွင့်ထားတဲ့ Fever clinic ကို ညွှန်းပို့ပေးတာရှိသလို မြို့နယ်အသင်းခွဲ ဥက္ကဌ Dr.အောင်မြင့် ကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်တဲ့အတွက် အချိန်မရွေး သူ့ဆေးခန်းဆီသွားပြီး ဆေးထည့်ပေးတာတွေလည်းရှိပါတယ်။
မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ လက်ရှိထိခိုက် ဒဏ်ရာရသူ‌တွေ ကို ရှေးဦးပြုစု‌ပေးခြင်းအပြင် အခြား ကူညီရန်လိုအပ်တဲ့ မူးယစ်ဆေးဖြတ်တဲ့ မက်သဒုံးစင်တာလိုမျိုး၊ Covid -19 ကာကွယ်ရေးနဲ့ Fever clinic တို့မှာ‌ေရာဂါကုသ‌နေတာ‌တွေ ရှိတဲ့အတွက် ပါဝင်ကူညီပေးရတာတွေလည်း ရှိပါတယ်။ ကြက်ခြေနီအနေနဲ့ ပြည်သူတွေအတွက် လိုအပ်ချက်ကို အခြေခံမူများနဲ့အညီ ကူညီလုပ်ဆောင်ပေးနေပါတယ်။”