|
RMS

သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

  27/ Jun/ 2018

===

ဇွန်လ၊

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်းနှင့် အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး လေပြင်းတိုက်ခြင်းများ၊ ရုတ်တရက် မြစ်ရေကြီးခြင်းများဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ –

ရခိုင်ပြည်နယ် မင်းပြားမြို့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ရန် တာပေါ်လင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel) တို့ကို မင်းပြားမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ ဆောင်ရွက်လျှက်ရှိခြင်း
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေလွှမ်းမိုးမှုကြောင့် အိမ်များမျောပါပျက်စီးသွားသော အိမ်ထောင်စုများအတွက် တာပေါ်လင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)တို့ကို အမ်းမြို့ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် အတူ ဆောင်ရွက်လျှက်ရှိခြင်း
မွန်ပြည်နယ် မော်လမြိုင်မြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသောရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း
မွန်ပြည်နယ် သံဖြူဇရပ်တွင် ပင – သံဖြူဇရပ် ရထားလမ်းရေကျော်ပြီး ဆက်လက်ခုတ်မောင်းလို့ မရသောကြောင့် ရထားစီးခရီးသည်များအား သံဖြူဇရပ်ကြက်ခြေနီစေတနာလုပ်အားရှင်များက သံဖြူဇရပ်သို့ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ခြင်း
မွန်ပြည်နယ် မုဒုံမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ခြင်း
မွန်ပြည်နယ် မုတ္တမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း၊ ထမင်းထုတ်များ ပေးဝေခြင်းနှင့် မုတ္တမတိုက်နယ် ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်း
မွန်ပြည်နယ် ရေးမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်း
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့တွင် မြစ်ကမ်းပါးပြိုကျသောကြောင့် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

Credit:>>> MRCS EOC