|
RMS

သွေးလှူဒါန်းခြင်း

  09/ Jun/ 2021

အရေးပေါ် ခွဲစိတ်ကုသတဲ့ ဖြစ်စဉ်များနှင့် ရောဂါကြောင့် သွေးသွင်းရမယ့် အချိန်တွေမှာ သွေးလိုအပ်ပါတယ်။ သွေးအစား အစားထိုးနိုင်တဲ့ ပစ္စည်းမရှိသေးပါဘူး။ ဒါကြောင့် သွေးလိုအပ်သူများအတွက် သွေးအလှူရှင်များလိုအပ်ပြီး သွေး လှူဒါန်းခြင်းသည် အသက်ကယ်ခြင်းပင်ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုများနှင့် သွေးသွင်းရန်လိုသည့်လူနာများ၏ သွေးလိုအပ်မှုများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အရေးပေါ်သွေးလိုအပ်မှုများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနိုင်ရန် စေတနာအလျောက်အခမဲ့သွေးလှူဒါန်းခြင်းနှင့် သွေးအလှူရှင်များကို ချိတ်ဆက် ရှာဖွေပေးခြင်းအားဖြင့် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါတယ်။

ဘယ်သူတွေက သွေးအလှူရှင် ဖြစ်နိုင်ပါသလဲ
=============================
အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။
ကိုယ်အလေးချိန် ပေါင် (၁၃၀) အထက် ရှိရမည်။
အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမည်။
အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမည်။
လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမည်။ ကူးစက်ရောဂါ ကင်းရှင်းရမည်။
လွန်ခဲ့သော ၆ လအတွင်းက ဆေးမင်ကြောင် ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်းတို့ မရှိသူ ဖြစ်ရပါမည်။
ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမည်။
အထက်ပါ အချက်အလက်များနှင့် ပြည့်စုံပါက (၄) လ လျှင် တစ်ကြိမ် သွေးလှူဒါန်းနိုင်ပါတယ်။

သွေးအလှူရှင်များကို ကျေးဇူးတင်ပါတယ်……
နီးစပ်ရာ သွေးလှူဘဏ်များနှင့် ဆေးရုံများတွင် စေတနာအလျောက် သွေးလှူဒါန်းခြင်းဖြင့် မိမိမေတ္တာကို မျှဝေပြီး သွေးလှူဒါန်းသူများအဖြစ် ဂုဏ်ယူလိုက်ကြပါစို့ …..