|
RMS

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

  03/ Feb/ 2024

၁။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများတွင် အထောက်အပံ့ပေးရန်အတွက် လိုအပ်သော အီလက်ထရောနစ်ပစ္စည်းများကို ၀ယ်ယူနိုင်ရန် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံများထုတ်ယူရမည့်အချိန်နှင့်နေ့ရက် – (၅.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ တင်ဒါပုံစံများနောက်ဆုံးထုတ်ယူရမည့်အချိန်နှင့်နေ့ရက် – (၁၃.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ

တင်ဒါပုံစံများနောက်ဆုံးတင်သွင်းရမည်အချိန်နှင့်နေ့ရက် – (၂၀.၂.၂၀၂၄)ရက်၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ

တင်ဒါပုံစံများကို ထုတ်ယူရမည့်နေရာ – မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ စတုတ္ထအထပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

၃။ တင်ဒါစည်းမျဉ်း စည်းကမ်းချက်များနှင့် လုပ်ငန်းများအသေးစိတ်ကို သိရှိရန် ဖုန်းအမှတ် – ၀၁ ၈၃၉၂၀၂၈၊ ၈၃၉၂၀၂၉၊  ၈၃၉၂၀၃၀ (လိုင်းခွဲ-၁၁၉)၊ ဦးကြည်သာအောင်ခြိမ့် – ၀၉ ၈၉၅၃၈၅၇၇၀ သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

မြန်မာနိုင်ငံကြက်ခြေနီအသင်း