|
RMS

ရေဘေးသင့်ဒေသများတွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း လာရောက်လှူဒါန်း

  14/ Aug/ 2018

= = =
ရန်ကုန်၊ သြဂုတ်

၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုငံသံအမတ်ကြီး MR. Hong Liong မှ ရေဘေးသင့်ဒေသများရှိ အများပြည်သူအတွက် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး MR. Hong Liongနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ လှူဒါန်းငွေကို သံအမတ်ကြီး MR. Hong Liong မှ လာရောက်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံခဲ့ကြပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတဝန်းတွင်ဖြစ်ပွားခဲ့သော ရေဘေး၊ ငလျင်ဘေး စသည်တို့ကြောင့် ထိခိုက်ခံစားရသူ ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်ခဲ့သော လူမှုကရုဏာအကူအညီများအတွက် အလှူငွေများ လှူဒါန်းလေ့ရှိပြီး ယခုလှူဒါန်းမှုသည် စတုတ္ထအကြိမ်မြောက်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုလှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို ရေဘေးသင့်ဒေသများရှိပြည်သူများတွက် လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။